နေမာနှင့် ပြန်လည်တွဲဖက်ကစားရန် မက်ဆီမျှော်လင့်

နေမာသာ ပီအက်စ်ဂျီအသင်းကနေ အမှန်တကယ်ထွက်ခွာလာပါက အသင်းမှာ ပြန်လည်တွဲဖက်ကစားဖို့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက မျှော်လင့်နေပါတယ်။ မက်ဆီဟာ မကြာသေးတဲ့ အချိန်က ဂျူဗီတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ စိန်ခေါ်မှုကိုလည်း ပြန်လည်ချေပထားသူဖြစ်ပါတယ်။ ရော်နယ်ဒိုက မက်ဆီကို စီးရီးအေမှာ လာရောက်ကစားဖို့ စိန်ခေါ်လိုက်ချိန်မှာတော့ သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ကစားနေတာဖြစ်လို့ ဘာမှပြောင်းလဲဖို့မလိုအပ်ဘူးလို့ တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် စိန်ခေါ်မှုအသစ်တွေဆိုတာလည်း တရာသီကုန်ပြီးတိုင်း အသစ်ပြန်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုကတော့ ဘဝဆိုတာ စိန်ခေါ်မှုဖြစ်လို့ အခုလို ပြောင်းရွှေ့ကစားပြီး စံချိန်သစ် အောင်မြင်မှုအသစ်တွေ တင်နိုင်တာကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီ၊ အင်္ဂလန်၊ စပိန်၊ အီတလီတို့မှာ ကစားခဲ့ကြောင်း၊ မက်ဆီကတော့ အခုထိ စပိန်မှာ ရှိနေသေးလို့ သူ့ကိုမီဖို့ လိုအပ်နေသေးတယ်လို့ စိန်ခေါ်စကားပြောခဲ့တာပါ။ မက်ဆီဟာ အသင်းကစွန့်ခွာပြီး လုပ်ခလစာ အများအပြားရရှိတဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ နေမာနဲ့ ပြန်လည်တွဲဖက်လိုနေပေမယ့် ပရိသတ်အများစုကတော့ နေမာ အသင်းကို ပြန်လည်ရောက်ရှိလာမှာကို မလိုလားဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up