အနာဂတ်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရန် ဟာဇက်ကို ချဲလ်ဆီးနည်းပြပြော

အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချရမယ့် အချိန်ရောက်နေပြီလို့ အီဒင်ဟာဇက်ကို  နည်းပြဆာရီက ပြောကြားလိုက်ပါတယ်။ ဟာဇက်ဟာ လက်တလေ ချဲလ်ဆီးမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ကစားသမားဖြစ်နေပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဟာဇက်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကတည်းက ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ ၂၀၂၀ နှစ်ကုန်ထိ စာချုပ်သက်တမ်း ရှိနေသေးတဲ့ ဟာဇက်ဟာ ချန်ပီယံလိဂ်မှာ အောင်မြင်မှု ရလိုတာကြောင့် စပိန်မြေကို ခြေဦးလှည့်ဖို့ ပြင်လာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ဟာဇက်ကို တပတ်လုပ်ခ ပေါင် ၃ သိန်းထိ တိုးမြှင့်ပေးခဲ့ပြီးတော့ အသင်းအတွက် အကျိုးရှိမယ့် ဟာဇက်ကို ထိန်းထားခဲ့တာလည်းဖြစ်ပါတယ်။ နည်းပြဆာရီကတော့ ၄ ပွဲကစား ၃ ဂိုးသွင်းပြီး ခြေစွမ်းပြနေတဲ့ ဟာဇက် ရှိနေတာ ကျေနပ်နေပေမယ့် အသင်းရဲ့အနာဂတ်အတွက် စိတ်မအေးနိုင်တဲ့ ပုံစံဖြစ်နေတာကြောင့် အခုလို ဆုံးဖြတ်ဖို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up