ဆီးရီးယား ဒမတ်စ်ကပ်စ်တွင် ယူအေအီး သံရုံး ပြန်လည်ဖွင့်လှစ်

အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးနိုင်ငံရဲ့ သံရုံးကို ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စ်ကပ်စ်မှာ ဒီဇင်ဘာ ၂၇ ရက်က ပြန်ဖွင့်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်သွားပါတယ်။ ဒါဟာ တချိန်က သမ္မတအာဆတ်ကို တိုက်ခိုက်ခဲ့တဲ့ သူပုန်တွေကို ရန်ပုံငွေ ထောက်ပံ့ခဲ့တဲ့ အမေရိကန် မဟာမိတ် အာရပ်နိုင်ငံဆီကနေ သမ္မတအာဆတ်အတွက် ကြီးမားတဲ့ သံတမန်ရေးဆိုင်ရာ တိုးမြှင့်မှု လုပ်ဆောင်လိုက်တဲ့ ခြေလှမ်းတခုပါလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသွားပါတယ်။ ယူအေအီးသံရုံးကို ၂၀၁၁ ဆီးရီးယား ပဋိပက္ခတွေ ဖြစ်လာချိန် အစောပိုင်းလောက်ကတည်းက ပိတ်ထားခဲ့တာပါ။ ကြာသပတေးနေ့မှာတော့ ယူအေအီး သံရုံးတာဝန်ခံက သူ့တာဝန်တွေကို ပြန်ပြီးထမ်းဆောင်တော့မယ်လို့ ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ သံရုံးပြန်ဖွင့်လိုက်တာဟာ ၂ နိုင်ငံကြား ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန်ဖြစ်စေဖို့နဲ့  အာရပ်-ဆီးရီးယား အရေးကိစ္စတွေမှာ ဒေသတွင်း စွက်ဖက်မှုအန္တရာယ်တွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up