ဘာစီလိုနာသို့ နေမာ ပြန်လာစေလိုကြောင်း အာသာမယ်လို ပြော

ဘာစီလိုနာအသင်းကို နေမာပြန်လာဖို့ ဆုတောင်းတယ်လို့ ကွင်းလယ်ကစာသမား အာသာမယ်လိုက ပြောကြားလိုက်ပါတယ်။ အသက် ၂၂ နှစ်ရှိ ဘရာဇီးသား အာသာမယ်လိုဟာ  အခုနှစ်ဘောလုံးရာသီကမှ ဂရီမီယို အသင်းကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာတာပါ။ မိမိရဲ့အမြင်အရ နေမာဟာ အကောင်းဆုံး ကစားသမားဖြစ်တာကြောင့်  ပြန်လာစေချင်တာဖြစ်ပြီး အကောင်းဆုံး ကစာသမားတွေရှိတာက အသင်းကို ပိုကောင်းစေမှာဖြစ်တယ်လို့ အာသာမယ်လို က ဆိုပါတယ်။ ဒါပေမယ့်  နေမာဟာ ပရော်ဖက်ရှင်နယ် ကစားသမားတဦးဖြစ်တဲ့ သူ့ရဲ့ ရွေးချယ်မှုကို ၀င်ရောက်တားဆီးလို့ မရနိုင်ကြောင်းကိုလည်း အာသာ က ပြောကြားခဲ့ပါတယ်။ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ၂၀၁၇ ခုနှစ် က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၂၀၀ နဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up