နယ်စပ်ဒေသများတွင် စစ်ဥပဒေထုတ်ပြန်ထားမှု အဆုံးသတ်ပြီဟု ယူကရိန်း ပြော

ယူကရိန်းသမ္မတ ပေထရိုပိုရိုရှန်ကိုက ရုရှားနယ်စပ်က ယူကရိန်းဒေသ ဆယ်ခုမှာ စစ်ဥပဒေ ထုတ်ပြန်ထားတာ အဆုံးသတ်ပြီလို့ ဒီဇင်ဘာ ၂၆ ရက်က ကြေညာလိုက်ပါတယ်။ ဒါကြောင့်  ၃ ရက်ကြာ တင်းမာမှု အဆုံးသတ်ခဲ့ပါတယ်။ ယူကရိန်းဟာ  ခြိမ်းခြောက်မှု အသစ်တွေကို ဟန့်တားဖို့ ကာကွယ်ရေး အားဖြည့်ပြီးပြီ၊ တပ်တွေကို ပြန်ပြီးနေရာ ချထားပြီး ကြိုတင်ပြင်ဆင်မှုတွေကို ညှိနှိုင်းခဲ့တယ်။ စစ်တပ် အရံအင်အားနဲ့ ပစ္စည်းကိရိယာတွေကိုလည်း တိုးမြှင့်ခဲ့တယ်လို့ ပိုရိုရှန်ကိုက ပြောပါတယ်။ “ယူကရိန်း ရေတပ်သင်္ဘောတွေ အပါအဝင် သင်္ဘောတွေဟာ အာဇို့ဗ် ပင်လယ်ထဲက ဆိပ်ကမ်းတွေကို ဆက်ပြီးသုံးဖို့ အခွင့်အရေးရှိတယ်။ နိုင်ငံတကာ လူ့အဖွဲ့အစည်းက ဒီအရေးနဲ့ ပတ်သက်လာရင် ယူကရိန်းဘက်မှာ ရှိနေတယ်” လို့ ပိုရိုရှန်ကိုက ဖိအားပေး ပြောဆိုပါတယ်။ နိုဝင်ဘာ ၂၅ ရက်က ရုရှားစစ်တပ်ဟာ ယူကရိန်း ရေတပ်သင်္ဘော ၃ စီးနဲ့ သင်္ဘောသား ၂၄ ယောက်ကို ကာ့ခ်ျရေလက်ကြားမှာ ဖမ်းဆီးခဲ့ပြီး ယူကရိန်း သင်္ဘောတွေက ရုရှားရေပိုင်နက်ကို ကျူးကျော်တယ်လို့ စွပ်စွဲပါတယ်။ ယူကရိန်းကလည်း ရုရှားရဲ့လုပ်ရပ်ဟာ ရန်လိုတယ်လို့ပြောပြီး ဖမ်းဆီးထားတဲ့ စစ်သင်္ဘောတွေနဲ့ သင်္ဘောတွေကို ချက်ချင်း လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက် ရုရှားနယ်စပ်က ယူကရိန်းဒေသ ဆယ်ခုမှာ စစ်အုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up