Home
မြန်မာသတင်း
ဆိပ်ခံဗောရေယာဉ် မီးလောင်၊ လူ ၆ ဦး ဒဏ်​ရာရ
Aung Aung Naing
·
December 26, 2018
မန္တလေးတိုင်း​ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းကျေးရွာအုပ်စု ဧရာဝတီမြစ်ကမ်းဘေးက မရမ်းခြံဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဆိပ်ခံဗော မော်တော်တစီး ဒီမနက်​က မီး​လောင်​ပြီး လူ ၆ ဦး ဒဏ်ရာရသွားပါတယ်။ သံထည်​နဲ့ ပြုလုပ်ထားတဲ့ အလျား ၆၀ပေ၊ အနံ ၁၅ပေ၊ အမြင့် ၁၅ပေရှိ ဆိပ်ခံဗော မော်တော်ပေါ်မှာ လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ရာက မီးပလပ်ခုံကစပြီး အပူချိန်လွန်​ကဲကာ အနီးအနားမှာထားတဲ့ အောက်တိန်းဓာတ်ဆီထည့်ထားတဲ့ ဆီပေပါကို ကူးစက် မီး​လောင်​ခဲ့တာပါ။ မီးလောင်မှုကြောင့် ရေယာဉ်ပေါ်မှာ ရှိနေသူ ၆ ယောက် ဒဏ်ရာရသွားပြီး မန္တလေး ဆေးရုံကြီးကို တင်ပို့ ဆေးကုသထားရပါတယ်။ မီးလောင်မှုကြောင့် မော်တော်နဲ့ ပစ္စည်းတချို့ ပျက်စီးဆုံးရှုံးခဲ့ကာ ကာလတန်ဖိုးငွေကျပ် ၃,၃၅၀,၀၀၀ လောက်ရှိနိုင်မယ်လို့ ​မန္တလေးခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူ ဦးသန်း​ဇော်​ဦးက ​ပြောပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်​ပြီး ဆိပ်ခံဗောမော်တော် ပိုင်ရှင် ဦးမျိုးမင်းသန့်ကို  ပုသိမ်ကြီး မြို့မရဲစခန်းက(ပ) ၅၀၄/၂၀၁၈ / ပုဒ်​မ၂၈၅/၃၃၇နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024