နာမည်ကြီး ဘောလုံးသမားများနှင့် နည်းပြများ ခရစ္စမတ်နေ့ ပျော်ရွှင်စွာဆင်နွှဲ

မနေ့ညက ခရစ္စမတ်ရက်မှာ နာမည်ကြီး ဘောလုံးသမားတွေနဲ့ နည်းပြတွေဟာ သူတို့ချစ်ရတဲ့သူတွေနဲ့ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲတာ၊ ခရီးသွား အပန်းဖြေတာတွေ ပြုလုပ်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကတော့ သူ့ရဲ့ ညီအစ်ကိုတွေနဲ့ ခရစ္စမတ်ညမှာ ကခုန် ပျော်မြူးခဲ့ပါတယ်။ နာမည်ကြီး ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီကတော့ သူ့မိသားစုနဲ့အတူ ခရစ္စမတ်သစ်ပင်ရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်ပြီး ပရိသတ်တွေကို ပြသခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကတော့ မိသားစုနဲ့အတူ ခရစ္စမတ်ရက်မှာ အပန်းဖြေခရီးအဖြစ် အဘူဒါဘီကို သွားရောက်ခဲ့ပါတယ်။ တခြား နာမည်ကြီး ဘောလုံးသမားတွေဖြစ်တဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်၊ ဂိုးသမား ဒီဂီယာ၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာတို့ရဲ့ ခရစ္စမတ် အမှတ်တရ ဓာတ်ပုံတွေကိုလည်း ဗြိတိသျှ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up