ထိုင်းတွင် ခရစ္စမတ်ဘိုးဘိုးကြီးများက ဆင်စီးပြီး ကလေးများအား လက်ဆောင်ဝေ

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်မြောက်ပိုင်းက ဂျီရာဆာ့တ် ဝတ်ထယာကျောင်းမှာ ကျင်းပတဲ့ ခရစ္စမတ် ပွဲတော်အတွင်း ခရစ္စမတ်ဘိုးဘိုး စန်တာတွေဟာ သူတို့ရဲ့ စီးတော်ယာဉ်အဖြစ် ဒရယ်တွေအစား ဆင်တွေကို စီးနင်းခဲ့ကြပါတယ်။ ကကြိုးတန်ဆာတွေ ဆင်ယင်ထားတဲ့ ဆင်ကြီး ၃ စီးနဲ့ ဆင်ပေါက် ၂ စီးတို့ဟာ ကလေး အယောက် ၂ ထောင်နီးပါးကို အရုပ်တွေ၊ ပူဖောင်းတွေနဲ့ သွားရေစာမုန့်တွေ ဝေပေးခဲ့ပြီး ဆင်ထိန်းတွေက ခရစ္စမတ်ဘိုးဘိုးလို သရုပ်ဆောင်ခဲ့တာပါ။ ဒီကျောင်းမှာ မူကြိုကနေ အထက်တန်းအထိ ကလေးတွေကို သင်ပေးပါတယ်။ ဆင်စီး ခရစ္စမတ် ဘိုးဘိုးတွေဟာ ကလေးတွေကို လက်ဆောင်ပေးရုံသာမက ဆင်အကကိုလည်း ကပြခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်ဟာ တိုင်းပြည်လူဦးရေရဲ့ ၀ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိတာပါ။ ခရစ္စမတ်နေ့ဟာလည်း တရားဝင်အားလပ်ရက် မဟုတ်ပါဘူး။ ဒါပေမယ့် စီးပွားရေး ကြော်ငြာတွေနဲ့ ပြည်သူတွေဟာ ဓလေ့ထုံးတမ်း ရှုထောင့်အမျိုးမျိုးကို လက်ခံကျင့်သုံးကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up