ရွှေ့ပြောင်းနေထိုင်သည့် ကလေးငယ်များအား စပိန်ပရဟိတအဖွဲ့ ခရစ္စမတ်လက်ဆောင် ပေး

လစ်ဗျားနိုင်ငံ ကမ်းရိုးတန်းကနေ ရွှေ့ပြောင်းနေထိုင်သူ ၃၁၁ ယောက်ကို ကယ်လာတဲ့ လှေပေါ်က ကလေးတွေကို စပိန်ပရဟိတအဖွဲ့ Open Arms က ဒီဇင်ဘာ ၂၄ ရက်မှာ ခရစ္စမတ် လက်ဆောင်တွေ ပေးခဲ့ပါတယ်။ ကလေးတွေ သင်္ဘောပေါ်မှာ ခရစ္စမတ်ပွဲ ကျင်းပနေပုံ ရုပ်သံကိုလည်း ဖြန့်ချိလိုက်ပါတယ်။ Open Arms အဖွဲ့ဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို ဒီဇင်ဘာ ၂၂ ရက်က ပင်လယ်ထဲကနေ ကယ်ခဲ့ပြီး စပိန်ဆိပ်ကမ်း အယ်လ်ဂျီ စီးရက်စ်ကို ဦးတည် ခုတ်မောင်းလာနေတာပါ။ သူတို့သင်္ဘောကို မော်လ်တာနဲ့ အီတလီ အပါအဝင် ဥရောပနိုင်ငံ အတော်များများက ဝင်ခွင့် ငြင်းပယ်ခဲ့ပါတယ်။ Proactiva Open Arms အဖွဲ့ဟာ မြောက်အာဖရိကကနေ ဥရောပတောင်ပိုင်းကို ရောက်ဖို့ ပင်လယ်ကို ဖြတ်ကူးရင်း ဒုက္ခရောက်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကူညီဖို့ ရည်ရွယ်ရင်း လစ်ဗျားနဲ့ ဥရောပတောင်ပိုင်းကြားမှာ ကယ်ဆယ်ရေးလုပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up