အာဖဂန်တွင် အသေခံဗုံးခွဲသမားက ဖောက်ခွဲရေးပစ္စည်း အပြည့်တင်လာသည့်ကားကို ဖောက်ခွဲ

အာဖဂန်နစ္စတန်နိုင်ငံက ပြည်သူ့လုပ်ငန်းဝန်ကြီးဌာန အပြင်ဘက်မှာ ဖောက်ခွဲရေး ပစ္စည်းတွေ တင်ထားတဲ့ ကားတစီးကို အသေခံ ဗုံးခွဲသမားတယောက်က ဒီဇင်ဘာ ၂၄ ရက်မှာ ဖောက်ခွဲလိုက်ပါတယ်။ အဲဒီနောက် သေနတ်ပစ်သံတွေ ပေါ်ထွက်လာခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတယောက်က ပြောပါတယ်။ ပေါက်ကွဲမှုနောက်ပိုင်း လုံခြုံရေးတပ်တွေနဲ့ အပြန်အလှန် ပစ်ခတ်အပြီး သေနတ်သမား အတော်များများက အစိုးရ အဆောက်အဦနားမှာ နေရာယူထားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ နတ်စ်ရတ် ရာဟီမီက ပြောပါတယ်။ ဗုံးခွဲ ပစ်ခတ်မှုအတွင်း လူအသေအပျောက်မရှိဘဲ ဒဏ်ရာရသူ ၂ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ ပြည်သူ့လုပ်ငန်း ဝန်ကြီးဌာန ပြောခွင့်ရ ဝါဟစ်ဒ် မာဂျရိုက ပြောပါတယ်။

More News
Up