လီဗာပူးအသင်း ဂျာစီစပွန်ဆာအတွက် ဆွေးနွေးနေပြီး စံချိန်တင်ဝင်ငွေရရန် မျှော်မှန်း

လီဗာပူးအသင်းဟာ ဂျာစီစပွန်ဆာအတွက် နယူးဘဲလန့် ကုမ္ပဏီနဲ့ ဆွေးနွေးနေပြီး စံချိန်တင် ဝင်ငွေရဖို့ မျှော်မှန်းထားပါတယ်။ လီဗာပူးအသင်းဟာ အမေရိကန် အားကစားကုမ္ပဏီ နယူးဘဲလန့်နဲ့ ၂၀၂၀ ခုနှစ်အထိ တနှစ်ပေါင် ၄၅ သန်းနဲ့ စာချုပ် ချုပ်ဆိုထားတာပါ။ ၂၀၁၉-၂၀၂၀ ရာသီအပြီးမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီး စပွန်ဆာတန်ဖိုးကိုလည်း တိုးမြှင့်ဖို့ လီဗာပူးအသင်းက ဆန္ဒရှိနေတာပါ။ နယူးဘဲလန့်ဘက်ကလည်း အနည်းဆုံး တနှစ်ကို ပေါင်သန်း ၅၀ နဲ့ ပေးဖို့ရှိပေမယ့် လီဗာပူးဘက်က ပေါင် ၇၅ သန်းကျော် အလိုရှိနေပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စပွန်ဆာတန်ကြေးကို ကျော်ဖြတ်ဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။ ပရီးမီးယားလိဂ်မှာ မန်ယူအသင်းက Adidas ကုမ္ပဏီနဲ့ တနှစ်ကို ပေါင် ၇၅ သန်း စပွန်ဆာရနေပြီး ချဲလ်ဆီးက Nike နဲ့ တနှစ် ပေါင်သန်း ၆၀ ရရှိနေပါတယ်။ လာမယ့်နှစ်မှာတော့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့က တနှစ် ပေါင်သန်း ၆၀ တန်ကြေးရှိတဲ့ ဂျာစီစပွန်ဆာတွေ ရရှိတော့မှာဖြစ်လို့ လီဗာပူးအသင်းကလည်း စပွန်ဆာကြေးတိုးမြှင့်ဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up