ဧပြီလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု အစ္စရေးဝန်ကြီးချုပ် ပြော

ဓာတ်ပုံ - Reuters
အစ္စရေးအစိုးရဟာ အထွေထွေရွေးကောက်ပွဲကို ပုံမှန်ထက်စောပြီး ဧပြီလမှာ ကျင်းပမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဒီဇင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။ ဥပဒေပြုရေးမှာ မတူခြားနားမှုတွေကို ဆွေးနွေးဖို့ သူ့ရဲ့ ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအပြီး ခုလိုပြောလိုက်တာပါ။ စစ်ရေးဥပဒေမူကြမ်းကြောင့် ညွန့်ပေါင်းအစိုးရကြား အကျပ်ရိုက်ခဲ့ပါတယ်။ လေးဆက်မြောက်ဝန်ကြီးချုပ် နေတန်ယာဟုဟာ အမတ် အယောက် ၁၂၀ ရှိတဲ့ လွှတ်တော်ထဲမှာ အမတ်နေရာ ၆၁ နေရာကို ပွတ်ကာသီကာရပြီး အုပ်ချုပ်နေတာပါ။ ဒါပေမယ့် နေတန်ယာဟုရဲ့ အဂတိလိုက်စားမှု စွဲချက်တွေ ဆက်တိုက်ထွက်လာအပြီး သူ့ကို တရားစွဲဖို့ ရဲတွေက ထောက်ခံချက် ပေးခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးရှေ့နေချုပ်က ရဲတွေရဲ့ ထောက်ခံချက်ကို လိုက်နာမလား မလိုက်နာဘူးလားဆိုတာ ဆုံးဖြတ်ဖို့ အချိန်ဆွဲနေခဲ့ပါတယ်။ နေတန်ယာဟုကတော့ အမှားမလုပ်ထားဘူးလို့လည်း ငြင်းဆိုထားပါတယ်။ တကယ်လို့ တရားစွဲခံရရင်လည်း ရာထူးကဆင်းပေးမယ့် အရိပ်လက္ခဏာ မပြခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up