Home
ရုပျသံ
ပြည်သူများ တဦးနှင့်တဦးကူညီရန် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား (ရုပ်သံ)
ကျော်ဇေယျာဝင်း
·
December 24, 2018
ပြည်သူတွေအနေနဲ့ တယောက်ကိုတယောက် ကူညီရိုင်းပင်းကြဖို့နဲ့  စည်းစည်းလုံးလုံးနေကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ဒီကနေ့မနက် ရန်ကုန်မြို့၊ ဘိုကလေးဈေးလမ်းမှာရှိတဲ့ Sone- Tu (စုံတူး) ချင်းရိုးရာ အထည်ပစ္စည်း အရောင်းဆိုင်ကို လာရောက်ပြီးအပြန်မှာ လာရောက် ကြိုဆိုနေတဲ့ ပြည်သူတွေကို နှစ်သစ်ကူးအမှတ်တရ နှုတ်ခွန်းဆက်စကား ပြောသွားတာပါ။ “ဒီလို ဆုံတုန်းပေါ့နော်။ တယောက်နဲ့တယောက် ရိုင်းပင်းကြပါ။ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေကြောင်း ဆုတောင်းပါတယ်။ အားလုံးကနေပြီး ကျန်းမာချမ်းသာအောင်နေဖို့ ကိုယ်ကလည်း ကြိုးစားရမယ်။ တယောက်ပေါ်တယောက် ကူညီပါ။ သင့်သင့်မြတ်မြတ်နေကြပါ။ စည်းစည်းလုံးလုံးနေကြပါ။ ရုန်းကန်ရတာဆိုတော့ အင်အားပြည့်အောင် လုပ်ပေးရမယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ လာရောက်စောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုမြင်တွေ့ ရချိန်မှာ “အမေစု ကျမ်းမာပါစေ”လို့ အော်ဟစ် ဆုတောင်းပေးခဲ့ကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက ဒလမြို့ မှာပြုလုပ်တဲ့ ရန်ကုန်-ဒလ တံတား ပန္နက်တော်တင် အခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက်  ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးလမ်းရှိ စုမ်းတူ(ချင်းရိုးရာ)အထည်ဆိုင်ကို အမှတ်မထင် ရောက်ရှိ လာတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024