Home
မြန်မာသတင်း
မြိတ်ကျွန်းစု အပန်းဖြေခရီးသွား အပျော်စီးသင်္ဘော တိမ်းမှောက် ၂ ဦးသေဆုံး
DVB
·
December 24, 2018
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုကို အပန်းဖြေခရီးသွားတဲ့ အပျော်စီးသင်္ဘော တိမ်းမှောက်ပြီး ခရီးသည် အမျိုးသမီး ၂ ဦး သေဆုံးသွားပါတယ်။ ထူးထက်ရှိန် ခရီးသွားကုမ္ပဏီက ပို့ဆောင်တဲ့ အပျော်စီးသင်္ဘောဟာ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက မြိတ်ကျွန်းစုရှိ ရေပြည့်အော်ကျေးရွာအရှေ့ ရေပြင်မှာ ပင်လယ်ထဲမျောနေတဲ့ သစ်တုံးကို အရှိန်နဲ့တိုက်မိပြီး တိမ်းမှောက်ခဲ့တာပါ။ ရေယာဉ်ပေါ်မှာ ခရီးသည် ၁၇ ဦးနဲ့ လှေသား ၂ ဦး လိုက်ပါလာသွားရာမှာ ခရီးသည် ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်မြို့မရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ သေဆုံးသွားသူ ၂ ဦးဟာ မန္တလေးမြို့မှာနေထိုင်တဲ့ ဒေါ်ကျင်စိန်နဲ့ ရန်ကုန်မြို့မှာနေတဲ့ ဒေါ်ခင်ဆောင်းတင့်တို့ဖြစ်ပြီး သေဆုံးသူတွေကို မြိတ်မြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။ ခရီးသွားကုမ္ပဏီ တာဝန်ရှိသူတွေကို ဆက်သွယ်စုံစမ်းပေမယ့် ဆက်သွယ်လို့ ရသေးပါဘူး။ သတင်း၊ ဓာတ်ပုံ - အောင်ကျော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024