လက်ရှိနည်းပြအပေါ် အလေးထားရန် ရီးရဲလ် အသင်းခေါင်းဆောင်ရာမို့စ် တိုက်တွန်း

ပရိသတ်တွေအနေနဲ့ လက်ရှိနည်းပြအပေါ်အလေးထားမှု ပိုမိုပြသသင့်တယ်လို့ နည်းပြဆိုလာရီနဲ့ ပတ်သတ်လို့ ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ဆာဂျီယိုရာမိုစ့်က ကာကွယ်ပြောဆိုလိုက်ပါတယ်။ ဆိုလာရီဟာ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြလိုပက်တက်ဂွီ ထွက်ခွာပြီးနောက် ၁၂ ပွဲကစားရာမှာ ၁၀ ပွဲအနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်သလို ပွဲဦးထွက် ၄ ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာ အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ကနေ ထုတ်ပယ်ခံရတဲ့ နည်းပြ မော်ရင်ဟိုကို ပြန်လည်ခန့်အပ်ဖို့ ရည်ရွယ်နေတဲ့ သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့  ရာမိုစ့်က အသင်းမှာ ဘယ်နည်းပြခန့်အပ်ရမယ်လို့ ဆုံးဖြတ်ချက်ကို သူတို့အနေနဲ့ ချပိုင်ခွင့်မရှိဘဲ လက်ရှိနည်းပြအပေါ်ပဲ လေးစားမှု ပြသနိုင်ဖို့အတွက် ကြိုးစားကြရမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ကမ္ဘာ့ကလပ် ချန်ပီယံဘွဲ့ကို ကာကွယ်ရဖို့ရှိနေတဲ့ အတွက် အဲဒီပွဲစဉ်ကိုပဲ အဓိက အာရုံစိုက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up