ချဲလ်ဆီးနှင့် မန်စီးတီး အိမ်ကွင်းတွင် အရှုံးဖြင့်ရင်ဆိုင်ရ(ရုပ်သံ)

826
ခရစ်စမတ်ကာလ မနေ့ညက ကန်သွားတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အခုနှစ်ရာသီိ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ ချဲလ်ဆီးဟာ လက်စတာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သလို မန်စီးတီးကလည်း ခရစ္စတယ်ပဲလေစ့်ကို အိမ်ကွင်းမှာ ၂ ဂိုး ၃ ဂိုးနဲ့ အမှတ်မထင် အရေးနိမ့်ခဲ့ရပါတယ်။
ချဲလ်ဆီးအသင်းဟာ ဂျင်မီဗာဒီရဲ့ တလုံးတည်းသော သွင်းဂိုးကြောင့် လက်စတာကို အရှုံးပေးခဲ့ရတာဖြစ်သလို မန်စီးတီးကတော့ ပဲလစ့်အသင်းရဲ့ တောင်ဆန်၊ ရှေးလပ်၊ မီထရိုဗစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတာပါ။
ဒီရလဒ်တွေကြောင့် ထိပ်ဆုံးက လီဗာပူးနဲ့ ဒုတိယနေရာက မန်စီးတီးတို့ ၄ မှတ်ကွာဟသွားသလို စတုတ္ထနေရာက ချဲလ်ဆီး အသင်းဟာလည်း ၁၁ မှတ်ထိ ကွာဟသွားခဲ့ပါတယ်။
လီဗာပူးကတော့ ဝက်ဖိုဒ့်ကို ၂ ဂိုးပြတ်အနိုင်ရခဲ့လို့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်ပြီး ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပါတယ်။