
အင်ဒိုနီးရှားနိုင်ငံတွင် ဆူနာမီဖြစ်ပွား၍ လူ ၄၀ ကျော်သေဆုံးပြီး ၆၀၀ ခန့် ဒဏ်ရာရ

Email This Story :
အင်ဒိုနီးရှားနိုင်ငံ၊ ဆန်းဒါးရေလက်ကြားမှာ မီးတောင်ပေါက်ကွဲပြီးနောက် ဒီဇင်ဘာ ၂၂ရက်ညက ဆူနာမီဖြစ်ပွားပြီး အနည်းဆုံး လူ ၄၃ ဦးသေဆုံးကာ ၅၈၄ ကျော် ဒဏ်ရာရရှိသွားတယ်လို့ အစိုးရ သဘာဝဘေးအေဂျင်စီ တာဝန်ရှိသူ တွေကပြောပါတယ်။
ကာရာကာတူ မီးတောင်ပေါက်ကွဲပြီးနောက် ပင်လယ်ရေအောက်မှာ မြေပြိုရာကနေ ဆူနာမီဖြစ်ပွားတာဖြစ်နိုင်တဲ့အကြောင်းနဲ့ ရာနဲ့ချီတဲ့ လူနေအိမ်အဆောက်အအုံတွေလည်း ထိခိုက် ပျက်စီးသွားတယ်လို့ အင်ဒိုနီးရှား သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့က ပြောပါတယ်။
ဆန်းဒါးရေလက်ကြားဟာ ဂျဗားနဲ့ ဆူမားတြားကျွန်းအကြားမှာတည်ရှိပြီး ဂျာဗားပင်လယ်နဲ့ အိန္ဒိယ သမုဒ္ဒရာကို ဆက်သွယ်ထားတာဖြစ်ပါတယ်။
သေဆုံးဒဏ်ရာရသူအများစုဟာ ပန်ဒီဂလန်း၊ လမ်ပန်းတောင်ပိုင်းနဲ့ ဆီရန်းဒေသတွေ ကဖြစ်ပြီး လူချို့လည်းပျောက်ဆုံးနေကာ ထိခိုက်သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင် ဖွယ်ရှိနေပါတယ်။
ဓာတ်ပုံ- CNA