Home
မြန်မာသတင်း
မီးလောင်ဒဏ်ခံ နှစ်ပေါင်း ၁၀၀ ထိ မပျက်စီးနိုင်သည့် စူပါဘောင်းဘီ
DVB
·
December 22, 2018
အနည်းဆုံးနှစ်ပေါင်း ၁၀၀ ထိ မပျက်စီးနိုင်တဲ့ ဘောင်းဘီတမျိုးကို နာမည်ကျော် ခေတ်ရှေ့ပြေး အဝတ်အထည်ကုမ္ပဏီ Vollebak က ထုတ်လုပ်လိုက်တယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ အဝတ်အထည်တခုက နှစ်ပေါင်း ၁၀၀ သက်တမ်းရှိတယ်ဆိုတဲ့ အဆိုဟာ အနည်းငယ်ထူးဆန်းနေပေမယ့် ကုမ္ပဏီဘက်ကတော့ ဒါကို လုံးဝအာမခံနိုင်တယ်လို့ ဆိုပါတယ်။ ဒီဘောင်းဘီကို မာကျောအကြမ်းခံတဲ့ အရာဝတ္တုတွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဘောင်းဘီဟာ မီးဒဏ်ကိုတောင် ခံနိုင်တယ်လို့လည်း ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ စတိဗ်တစ်ဘဲလ်က ပြောပါတယ်။ “ဒီဘောင်းဘီ ထိခိုက်မှုဒဏ်ကို ခံနိုင်ဖို့အတွက် အထူးမာကျောတဲ့ နည်းပညာမြင့် အလွှာသုံးလွှာ အသုံးပြုပြီး ဖန်တီးထားတာဖြစ်ပါတယ်။ ဘောင်းဘီရဲ့ ပထမအလွှာဟာ ရေစိမ့်ဝင်မှုဒဏ်ကိုခံနိုင်ပြီး ပွန်းပဲ့မှုအနည်းငယ်မှ မဖြစ်အောင်လည်း ကာကွယ်မှုပေးနိုင်ပါတယ်။ ဒုတိယအလွှာဟာ မီးဒဏ်ကိုခံနိုင်ပြီး ဒီအလွှာက မြင့်မားတဲ့အပူချိန်တွေမှာလည်း လေအိတ်တစ်ခုအဖြစ် ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ဘောင်းဘီရဲ့ တတိယအလွှာကို aramid လို့ခေါ်တဲ့ ဖိုက်ဘာတမျိုးနဲ့ တီထွင်ထားတာဖြစ်ပြီး ဒီအလွှာက ဝတ်ဆင်သူရဲ့ ခြေထောက်တွေနဲ့ မီးတောက်တွေအကြားမှာ အကာအရံအဖြစ် အသုံးတော်ခံမှာ ဖြစ်ပါတယ်။ Aramid ဟာ နိုင်လွန်မျိုးကွဲတစ်ခုဖြစ်ပြီး မီးမလောင်နိုင်သလို အရည်ပျော်နိုင်ခြင်းလည်း မရှိတဲ့အတွက် ဝတ်ဆင်သူအတွက် နောက်ထပ် အကာအကွယ်တခု ဖြစ်စေမှာဖြစ်ပါတယ်။” လက်ရှိ အသုံးပြုနေတဲ့ မီးဒဏ်ခံ အသုံးအဆောင်ပစ္စည်းတွေဟာ ကြီးမား၊ လေးလံပြီး ဓာတုပစ္စည်းတွေပါဝင်တဲ့ အရာဝတ္ထုတွေနဲ့ ဖန်တီးထားတာလို့ စတိဗ်တစ်ဘဲလ်က ပြောပါတယ်။ “ကျနော်တို့ရဲ့ဘောင်းဘီဟာ နေ့စဉ်နေ့တိုင်း သက်တောင့်သက်သာ ဝတ်ဆင်နိုင်တဲ့ ကမ္ဘာ့ ပထမဆုံး မီးဘေးဒဏ်ခံ အဝတ်အထည်ဖြစ်ပါတယ်။ ဒီဘောင်းဘီကို တီထွင်ရတဲ့ မူလရည်ရွယ်ချက်က ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ စစ်သားတွေ မီးသတ်ဝတ်စုံလို ဝတ်စုံကြီးတွေ ဝတ်ဆင်စရာမလိုဘဲ ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်။” ဒီဘောင်းဘီဟာ အကြမ်းအရမ်းခံရုံ၊ မာကျော သက်တမ်းရှည်ရုံတင် မဟုတ်ဘဲ ဝတ်ဆင်တဲ့သူအတွက် သက်တောင့်သက်သာ ဖြစ်စေဖို့လည်း အထူးစီမံထားတယ်လို့ ဆိုပါတယ်။ ဒီဘောင်းဘီဟာ ဝတ်ဆင်သူရဲ့ ခန္ဓာကိုယ်နဲ့ ကိုက်ညီအောင် ဆွဲဆန့်နိုင်မှာဖြစ်ပြီး ဒါကို တောင်တက်ခြင်းကနေ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်တဲ့ လှုပ်ရှားမှုတိုင်းအတွက် အသုံးပြုနိုင်ရုံမက သာမာန်ထသွားထလာ ဝတ်ဆင်မှုအတွက်လည်း အဆင်ပြေအောင် ဖန် တီးထားပါတယ်။ ဘောင်းဘီရဲ့ တန်ဖိုးကတော့ ၆၄၅ ဒေါ်လာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024