Home
မြန်မာသတင်း
မောင်တောမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ၂၄ နာရီ စတင်ဖြန့်ဝေ
DVB
·
December 22, 2018
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဒီဇင်ဘာ ၂၂ ရက် မနက် ၁၀ နာရီကစတင်ပြီး လျှပ်စစ်ဓာတ်အား ၂၄ နာရီဖြန့်ဝေနေပြီလို့ လျှပ်စစ်အင်ဂျင်နီယာရုံးက ပြောပါတယ်။ မောင်တောမြို့ပေါ်ရပ်ကွက်တွေနဲ့ မောင်တောမြို့နယ် ၁၀ မိုင်ပတ်လည်ရှိ ကျေးရွာပေါင်း ၁၅ ရွာကို လျှပ်စစ်စတင်ဖြန့်ဝေပေးနေတာလို့ မောင်တောမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ကိုအောင်အောင်လှစောက ပြောပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင် ကြိမ်ချောင်း လျှပ်စစ်မီးရရှိရေးကိုတော ၂၀၁၈/၁၉ မှာ ဂျိုက်ကာ ပရောဂျက်နဲ့ အကောင်ထည်ဖော်သွားမှာဖြစ်ပြီး အခု တင်ဒါတွေ စခေါ်မယ်လို့ သိရပါတယ်။ “၂၄ နာရီလျှပ်စစ်ဓါတ်အားရရှိလာမှုကြောင့် ထင်းတို့၊ မီးသွေးတို့ သုံးစရာမလိုတောဘူး။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသားဖြစ်သွားသလို မီးခိုးတွေကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကို ကာကွယ်တာကြောင့် ကျန်းမာရေးအတွက်လည်း ကာင်းမယ်။ နောက်ဆေးရုံမှာဆိုရင် မီးစက်မောင်နေရတယ်။ အောက်ဆီကျင်အတွက် ခွဲစိတ်ခန်းအတွက် အခုလျှပ်စစ်မီး ၂၄ ရီ ရပြီဆိုတော့ အားလုံးအဆင်ပြေသွားမှာပါ” လို့ မောင်တောမြို့နေ မမယ်ဒီက ပြောပါတယ်။ လျှပ်စစ်ဓာတ်အား မောင်တောက တဆင့် ကြိမ်ချောင်းကို သယ်ယူမှာဖြစ်ပြီး ကြိမ်ချောင်ကနေ ၄၂ မိုင်အတွင်း ကျေးရွာ ၁၆ ရွာကိုဖြန့်ပေးမှာဖြစ်ပါတယ်။ “ညဆိုရင် လမ်းမီးတွေ မလင်းတဲ့နေရာတွေ မောင်တောမြို့မှာ အတော်များပါတယ်။ မီးလုံးတွေတပ်ဆင်ပေးဖို့ လိုတာပေါ့။ နောက် ကျေးရွာတွေကိုလည်း များများရအောင် ဖြန့်ပေးဖို့လိုပါတယ်။ နောက်ပြီး လုံခြံရေးအပိုင်းပေါ့ နယ်စပ်ခြံစည်းရိုးမှာ လျှပ်စစ်ဓာတ်လွတ်ပေးထားသင့်တာပေါ့။ နောက် CCTV တို့ ဘာတို့ လမ်းခွဆုံတွေမှာ တပ်ဆင်ပေးထားသင့်တယ်။ လျှပ်စစ်မီး ၂၄ နာရီ ရရှိတဲ့အတွက် ဒေသဖွံ့ဖြိုးတိုးတက်လာသလို လုံခြုံရေးပိုင်းအတွက်လည်း ကောင်းတဲ့ဘက်ကို ရောက်လာမှာပါ” လို့ မောင်တောမြို့နေ ကိုမောင်ဝင်းသိန်းက ပြောပါတယ်။ လျှပ်စစ်ဖြန့်ဝေပေးမှုအတွက် လျှပ်စစ်မီတာတွေကို ကျေးလက်သုံး၊ မြို့နယ်သုံး၊ မြို့ကြီးသုံး(လုပ်ငန်းသုံး) သုံးမျိုး ခွဲခြားထားပြီး မီတာခကို တနိုင်ငံလုံးဈေးနှုန်းအတိုင်း ကောက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024