ဘာစီလိုနာတွင် ရဲတပ်ဖွဲ့နှင့် ကက်တလန်ခွဲထွက်ရေး ဆန္ဒပြသူများ ထိပ်တိုက်တွေ့

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကက်ဘီနက်အစည်းအဝေး ကျင်းပနေချိန် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကက်တလန်ခွဲထွက်ရေး ဆန္ဒပြသမားတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ စပိန်ဝန်ကြီးချုပ် ပေဒရိုစန်းချစ် မြို့တော် ဘာစီလိုနာမှာ ကက်ဘီနက်အစည်းအဝေး ကျင်းပခဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက နံပါတ်တုတ်တွေကို အသုံးပြုပြီး ကက်တလန်ခွဲထွက်ရေး ဆန္ဒပြသူတွေကို လူစုခွဲခဲ့တာလည်းဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ မြို့တော်ရဲ့ ဗီရာ လိုင်ယာတာနာ လမ်းမကြီးပေါ်မှာ စုဝေးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြတာပါ။ ဆန္ဒပြသူတွေက အတားအဆီးတွေကိုကျော်ပြီး ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူ လူအုပ်စုကို တုတ်တွေနဲ့ရိုက်နှက်ပြီး လမ်းအောက်ဘက်ရောက်သွားအောင် တွန်းထုတ်ဖယ်ရှားခဲ့ပါတယ်။ စပိန်ကနေ ခွဲထွက်ရေး တရားမ၀င် ဆန္ဒခံယူပွဲအပြီး တနှစ်ကျော်ကြာတဲ့အထိ လူဦးရေ (၇.၅) သန်းရှိပြီး ချမ်းသာကြွယ်ဝတဲ့ အရှေ့မြောက်ပိုင်းဒေသဟာ ခါးခါးသီးသီး ကွဲပြဲနေပါတယ်။ ၀န်ကြီးချုပ်ရဲ့ နေရာရွေးချယ်မှုဟာ အပြည့်အ၀ လွတ်လပ်မှုကို အခိုင်အမာ အန်တုကြောင်း ပြသလိုက်တာဖြစ်သလို ကာတာလိုနီးယန်း လွတ်မြောက်ရေးပါတီကို လွတ်လပ်ခွင့်တချို့ထပ်ပေးပြီး သူတို့ရဲ့အကူအညီနဲ့ သူ့လူနည်းစုအစိုးရ ခိုင်မာလာစေရေး မဟာဗျူဟာရဲ့ အစိတ်အပိုင်းတရပ်လည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up