မန်ယူတွင် အရည်အသွေးမြင့် ကစားသမားများ ပိုင်ဆိုင်ထားဟု ဆိုးလ်ရှား ပြော

မန်ယူအသင်းမှာ အရည်အသွေးမြင့်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတယ်လို့ ယာယီနည်းပြသစ် ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းနဲ့ ပထမဆုံး အင်တာဗျူးမှာ ဆိုးလ်ရှားက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး အသင်းမှာရှိတဲ့ ကစားသမား ၂၃ ဦး ၂၄ ဦးဟာ အရည်အသွေးရှိတဲ့ ကစားသမားတွေဖြစ်ပြီး မန်ချက်စတာယူနိုက်တက် ကစားသမား ဖြစ်တယ်ဆိုတာ သက်သေပြဖို့ အခွင့်အရေး ရလိမ့်မယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။ မန်ယူအသင်းဆီ ပြန်လာရတာဟာ အိမ်ပြန်လာရသလို ခံစားရပြီး အသင်းလူတွေနဲ့ တခါပြန်ဆုံခွင့်ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။ မန်ယူအသင်းဟာ အမြဲတမ်းနည်းပြချုပ်နေရာအတွက် ရှာဖွေနေဆဲအချိန်ဆိုတာ သိရှိထားပြီး ဒီအတောအတွင်းမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့လည်း ဆိုးလ်ရှားက ပြောပါတယ်။ အသက် ၄၅ နှစ်ရှိ တိုက်စစ်မှူးဟောင်း ဆိုးလ်ရှားဟာ နောဝေကလပ် မိုလ်ဒီအသင်းကနေ ၆ လ အငှားစာချုပ်နဲ့ မန်ယူအသင်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up