အေဂျက်ဇ်ကွင်းလယ်လူ ဒီဂျောင်ကို ဘိုင်ယန်မြူးနစ် စိတ်ဝင်စား

အေဂျက်ဇ်အသင်း ကွင်းလယ်လူ ဖရန့်ကီဒီဂျောင်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်အသင်းလည်း ပါဝင်လာပါတယ်။ အသက် ၂၁ နှစ်ပဲရှိသေးတဲ့ နယ်သာလန်လက်ရွေးစင် ဒီဂျောင်ကို ဘိုင်ယန်မြူးနစ်အပြင် မန်စီးတီး၊ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာအသင်းတွေကလည်း ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေတာပါ။ ဒီဂျောင်ဟာ အေဂျက်ဇ်အသင်းအတွက် ပွဲပေါင်း ၆၁ ပွဲ ကစားထားပြီး နယ်သာလန်အသင်းအတွက်လည်း ၅ ပွဲ ကစားထားပါတယ်။ ဥရောပမှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်ကစားသမားလို့ သတ်မှတ်ခံထားရပြီး ထိပ်တန်းအသင်းတွေက ဝယ်ယူဖို့ အပြိုင်စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ အေဂျက်ဇ်အသင်းကတော့ ဖရန့်ကီဒီဂျောင်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဥရောပ ထိပ်တန်းကလပ်တွေအနေနဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အပြိုင်ကမ်းလှမ်းဖို့ ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up