အင်္ဂလန်လိဂ်ဖလား ဆီမီးဖိုင်နယ်တွင် ချဲလ်ဆီးနှင့် စပါး၊ မန်စီးတီးနှင့် ဘာတန် တွေ့ဆုံ

895
အင်္ဂလန် လိဂ်ဖလား (ကာရာဘောင်ဖလား) ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးနဲ့ စပါးတို့ ထိပ်တိုက်တွေ့ခဲ့ပြီး မန်စီးတီးကတော့ လိဂ်ဝမ်းကလပ် ဘာတန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
စပါးအသင်းဟာ ကွာတားဖိုင်နယ်မှာ အာဆင်နယ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့သလို ချဲလ်ဆီးအသင်းကလည်း ဘုန်းမောက်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တာပါ။
စပါးအသင်းအတွက်တော့ အခုပြိုင်ပွဲမှာ ၄ ကြိမ်မြောက် လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ရမှာပါ။
စပါးအသင်းဟာ ဝတ်ဖို့ဒ်၊ ဝက်စ်ဟမ်း၊ အာဆင်နယ် စတဲ့ လန်ဒန်မြို့ခံပြိုင်ဘက် အသင်းတွေကို ကျော်ဖြတ်ခဲ့ပြီး ချဲလ်ဆီးနဲ့ ဆက်ပြီးယှဉ်ပြိုင်ရမှာပါ။
လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ လိဂ်ဝမ်းက ဘာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို နှစ်ကျော့ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမအကျော့ ပွဲစဉ်တွေကို လာမယ့် ဇန်နဝါရီ ၇ ရက်နဲ့ ဒုတိယအကျော့ ပွဲစဉ်တွေကို ဇန်နဝါရီ ၂၁ ရက်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။