ဒရုန်း ၂ စင်း ပျံသန်းမှုကြောင့် ဗြိတိန် ဂက်ဝစ်လေဆိပ် ရပ်နား၊ ခရီးသည်များ အခက်တွေ့

ဗြိတိန်နိုင်ငံရှိ ဂက်ဝစ်လေဆိပ်မှာ ဒရုန်းနှစ်စင်း ပျံသန်းနေတယ်လို့ သတင်းရတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လေဆိပ်ကို ဒီနေ့ ရပ်နားလိုက်ပါတယ်။ ခရီးသည်တွေအတွက်တော့ ခရစ္စမတ်အားလပ်ရက် ကာလအတွင်း အဆင်မပြေမှုတွေနဲ့ ကြုံခဲ့ရတာပါ။ လေယာဉ်တွေ ထွက်ခွာလို့မရသလို ဆင်းဖို့လုပ်ထားတဲ့ လေယာဉ်တွေလည်း တခြားလေဆိပ်တွေမှာ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရတယ်လို့ လေဆိပ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဆင်မပြေဖြစ်ခဲ့ရတဲ့ ခရီးသည်တွေကို တောင်းပန်ကြောင်းနဲ့ ဘေးကင်းလုံခြုံမှုဟာ အရေးကြီးဆုံး ပထမဦးစားပေးအရာ ဖြစ်တယ်လို့ ဂက်ဝစ်လေဆိပ် တာဝန်ရှိသူက တွစ်တာမှာ ရေးသားထားပါတယ်။ မောင်းသူမဲ့ ဒရုန်းတွေနဲ့ လူစီးလေယာဉ်တွေကြား တိုက်မိလုနီးပါး ဖြစ်ခဲ့မှုတွေကြောင့် မကြာသေးမီ နှစ်တွေအတွင်း လေကြောင်းကဏ္ဍမှာ ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ သင့်တော်တဲ့အချိန်ရောက်ရင် လေယာဉ်ပြေးလမ်း ပြန်ဖွင့်မှာဖြစ်ပြီး ထပ်မံအသိပေးသွားမယ်လို့ ရဲတပ်ဖွဲ့နဲ့အတူ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေတဲ့ လေဆိပ်က အသိပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခရီးသည်တချို့ကလည်း စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း လူမှုကွန်ရက် တွစ်တာပေါ် ရေးသားခဲ့ကြပါတယ်။ လန်ဒန်တောင်ပိုင်းမှာရှိတဲ့ ဂက်ဝစ်လေဆိပ်ဟာ ဥရောပရဲ့ အဝင်အထွက်အများဆုံး လန်ဒန်အနောက်ပိုင်း ဟိသရိုးလေဆိပ်နဲ့ အပြိုင်ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up