မန်ယူအသင်း အမှတ်တံဆိပ် ဝတ်ဆင်ခဲ့ရသည့်အတွက် ဂုဏ်ယူဟု မော်ရင်ဟို ပြော

1.8K
မန်ချက်စတာယူနိုက်တက်အသင်း အမှတ်တံဆိပ်ကို ဝတ်ဆင်ခဲ့ရတဲ့အတွက် ကြီးမားတဲ့ဂုဏ်ယူမှု ဖြစ်ခဲ့တယ်လို့ မော်ရင်ဟိုက ကြေညာချက်ထုတ်ပြီး နှုတ်ဆက်စကား ပြောကြားလိုက်ပါတယ်။
မော်ရင်ဟိုဟာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် မန်ချက်စတာမြို့ကနေ မိသားစုရှိရာ လန်ဒန်မြို့ကို ရောက်ရှိနေတာပါ။
ဒီဇင်ဘာ ၁၉ ရက် မနက်က လမ်းလျှောက်ထွက်တဲ့အချိန်မှာ စကိုင်းစပေါ့က လိုက်လံမေးမြန်းရာ မိမိမှာ ပြောစရာစကားလုံး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကြေညာချက်ထုတ်ပြီး နှုတ်ဆက်စာ ရေးသားခဲ့တာပါ။
မန်ယူအသင်းမှာ အံ့အားသင့်စရာကောင်းတဲ့ ဝန်ထမ်းတွေနဲ့ အတူ အလုပ်တွဲလုပ်ခဲ့ရပြီး တချို့ကတော့ မိမိဘဝရဲ့ မိတ်ဆွေတွေ ဖြစ်မယ်လို့ ယုံကြည်ကြောင်း မော်ရင်ဟိုက ဆိုပါတယ်။
မီဒီယာတွေအနေနဲ့လည်း မိမိရဲ့ရာထူးနဲ့ ပတ်သက်ပြီး လေးစားမှုရှိကြဖို့နဲ့ ဘောလုံးလောကထဲ ပြန်မရောက်မီ သာမန်လူတဦးလိုပဲ နေထိုင်ခွင့် ပြုပေးကြဖို့ကိုလည်း မော်ရင်ဟိုက ရေးသားခဲ့ပါတယ်။
မော်ရင်ဟိုကို စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ပြန်လည်ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။