ရွှေပါရမီ ကျန်းမာရေး ဖောင်းဒေးရှင်း၏ ကျန်းမာရေးအလှူ မြန်အောင်တွင် ပြုလုပ်မည်

ရွှေပါရမီကျန်းမာရေး ဖောင်းဒေးရှင်းရဲ့ အကြိမ် ၄၀ မြောက် ကျန်းမာရေး အလှူအဖြစ် မြန်အောင်မြို့မှာ ဒီဇင်ဘာ ၂၃၊ ၂၄နဲ့ ၂၅ ရက်တွေမှာ ဒေသခံတွေကို ကုသပေးမှာဖြစ်ပါတယ်။ ဒီအစီစဉ်မှာ မျက်စိ၊ သွားနဲ့ခံတွင်း၊ အထွေထွေခွဲစိတ်၊ အထွေထွေရောဂါ၊ နား၊ နှာခေါင်း လည်းချောင်း၊ သားဖွားနဲ့ မီးယပ်၊ ကလေး၊ အရိုးအကြောနဲ့ အရေပြားရောဂါတွေ ကြည့်ရှု စစ်ဆေးပေးမှာဖြစ်ပါတယ်။ အခုလို ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ ကျန်းမာရေး အလှူအတွက် ဒီဇင်ဘာ ၁၉ ရက်က ဧရာဝတီတိုင်းအစိုရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း ဦးစီးပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ကျန်းမာရေး အလှူအတွက် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဆေးကုသမှုခံယူလိုတဲ့ လူနာတွေအနေနဲ့ အမည်၊ နေရပ်၊ မှတ်ပုံတင် နံပတ်တွေနဲ့ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေဆီမှာ စာရင်းပေးသွင်းရမှာဖြစ်ပြီး လာရောက်ပြသသူ တွေကို နေ့လယ်စာ အခမဲ့ ကျွေးမွေးသွားမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up