နည်းပြ ဂျာဂန်ကလော့ပ်အတွက် ကစားပေးရခြင်းကို ပျော်ရွှင်ဟု ဖာမီနို ပြော

နည်းပြ ဂျာဂန်ကလော့ပ်အတွက် ကစားပေးရတာဟာ ပျော်ရွှင်စရာ အတွေ့အကြုံတခုဖြစ်တယ်လို့ လီဗာပူးတိုက်စစ်မှူး ဖာမီနိုက ပြောကြားလိုက်ပါတယ်။ မိမိတို့ ကစားသမားတွေအနေနဲ့ ဂျာဂန်ကလော့ပ် ရောက်ရှိလာတဲ့ အချိန်ကတည်းက သင်ယူမူတွေ အများကြီး ပြုလုပ်ခဲ့ကြပြီး ခြေစွမ်းပိုမိုတိုးတက်လာသလို ကလော့ပ်ဟာ ဖခင်တဦးလို နည်းပြ ဖြစ်တယ်လို့ ဖာမီနိုက ဆိုပါတယ်။ ကလော့ပ်ဟာ ဆုဖလားတွေရဖို့လည်း ရည်မှန်းချက်ရှိပြီး သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြသသလိုမျိုး မိမိတို့ ကစားသမားတွေ အနေနဲ့လည်း သူ့ရဲ့စိတ်ဓာတ်ကို အတုယူတယ်လို့လည်း ဖာမီနိုက ပြောပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် လာမယ့်ပွဲတွေမှာ သက်သေပြစရာတွေ ကျန်နေသေးတယ်လို့ ဖာမီနိုက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up