ဘယ်လ်ဂျီယံဝန်ကြီးချုပ် ချားလ်စ် မီရှဲလ် နုတ်ထွက်စာတင်

ဓာတ်ပုံ - David Silpa/UPI
ဘယ်လ်ဂျီယံဝန်ကြီးချုပ် ချားလ်စ် မီရှဲလ်ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့က ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။ ဆိုရှယ်လစ်တွေနဲ့ အစိမ်းရောင် တက်ကြွလှုပ်ရှားသူတွေက သူ့ရဲ့ လူနည်းစုပါတီကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းခဲ့ပြီးနောက် အခုလို ရာထူးကနေနုတ်ထွက်ဖို့ လုပ်ဆောင်ခဲ့တာပါ။ ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ပဋိညာဉ်ကို ထောက်ခံပံ့ပိုးမှုကြောင့် သူ့ရဲ့ ညွန့်ပေါင်းအစိုးရထဲက အကြီးဆုံးပါတီဖြစ်တဲ့ Flemish N-VA က ဆန့်ကျင်ကန့်ကွက်ပြီး နုတ်ထွက်သွားတဲ့အတွက် ဝန်ကြီးချုပ် မစ်ရှဲ(လ်)ဟာ သူ့အစိုးရအဖွဲ့ကို လူနည်းနည်းနဲ့ပဲ လည်ပတ်ခဲ့ရတာပါ။ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းသွားလာသူတွေကို လက်ခံရေးနဲ့ပတ်သက်လို့ ပိုပြီး တင်းကျပ်ကန့်သတ်ချိန်မှာ ဒီပဋိညာဉ်က ရွှေ့ပြောင်းအခြေချ နေထိုင်မှုတွေ တိုးလာစေနိုင်တယ်လို့ တချို့နိုင်ငံရေးသမားတွေက ပြောဆိုကြပါတယ်။ မေလထဲမှာ ကျင်းပသွားဖို့ရှိနေတဲ့ ပါလီမန် ရွေးကောက်ပွဲတွေနဲ့အတူ ဘုရင်ဖိလစ်က မစ်ရှဲ(လ်)ကို အခွင့်အာဏာ အကန့်အသတ်နဲ့သာရှိတဲ့ ယာယီတာဝန်ယူသူအဖြစ် ဆက်လက်ရှိနေစေဖို့ တောင်းဆိုနိုင်ပါတယ်။ ဒါ့အပြင် ဒီကိစ္စရပ်တွေ ဖြေရှင်းနိုင်ရေး ကြိုးပမ်းအားထုတ်မှုတခု အနေနဲ့လည်း ဘုရင်ဟာ တခြား နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပြောဆိုဆွေးနွေးသွားဖွယ် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up