Home
မြန်မာသတင်း
ကူးတို့လှေမှောက်မှု ၄ လောင်းပြန်တွေ့၊ ၁၅ ဦး ပျောက်ဆုံးနေဆဲ
DVB
·
September 7, 2012
ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျောချောင်းကိုဖြတ်ကူးတဲ့ ကမ်းမဖြူကူးတို့ဆိပ်မှာ စက်တင်ဘာလ ၄ ရက်နေ့ လှေမှောက်တာမှာ ဒီနေ့အထိ ၄ လောင်းကိုသာ ရှာတွေ့ပြီး လူ ၁၅ ဦး ပျောက်ဆုံးနေ တယ်လို့ အကူအညီပေးတဲ့ ဒေသခံက ပြောပါတယ်။ ကျောင်းဆရာမ ဒေါ်မြတ်သူဆွေအပါအ၀င် ၂၈ ဦး အသက်ရှင်ခဲ့ပြီး ပျောက်ဆုံး စာရင်းနဲ့ ပတ်သက်ပြီး ဒေသခံက အခုလို ပြောပါတယ်။ “ပျောက်နေတာက အခု စာရင်းရတာက ၁၃ ယောက်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ အရ လှေပေါ်မှာ ဆေးကုပြီး ပြန်လာတဲ့ သားအဖ ၂ ယောက် ပါလာတယ်။ ခရီးသွား ခရီးလာတွေမြင် လိုက်တယ်။ ကလေးက ၈ နှစ်သားလောက်ပဲ။ အဲသားအဖ ၂ ယောက်ကလည်း ပျောက်ဆုံး စာရင်းထဲမှာ။ ဘယ်ကမှန်းလဲ မသိဘူး။ ကာယကံရှင်တွေ အခုထိလည်း လာမဆက်သွယ်သေးဘူး။” စက်တင်ဘာ ၄ ရက်နေ့က လူ ၄၃ ဦးနဲ့ ဆိုင်ကယ် ၅ စီး သယ်ဆောင်လာတဲ့ ကူးတို့လှေမှောက်ခဲ့ရ တာနဲ့ပတ်သက်ပြီး ဒေသခံက အခုလို ပြောဆိုပါတယ်။ “လှေမှောက်ရတာကတော့ ရေများနေတာမှာ လှေရဲ့ နိုင်တဲ့အလေးချိန်ထက် ပိုများပြီးတော့ တင်မိတာပေါ့။ ပါလာတဲ့ ခရီးသည်က ၄၃ ယောက် သူတို့ပါလာတဲ့ အထုတ်အပိုးနဲ့။ ခရီးသည်နဲ့ အလေးချိန်နဲ့ကျတော့ အလေးချိန်က များသွားတာပေါ့။ ခါတိုင်းနှစ်တွေမှာ ဒီထက်များတဲ့ရေတွေမှာတောင် ဒီလိုပြဿနာမျိုး မကြုံခဲ့ရဘူးပေါ့။ နောက်တခု က ပေါက်ကြား က ယောချောင်းပေါ်မှာရှိတဲ့ တံတား ၂ စင်း ကျိုးပြတ်သွားတာ အခုထိ ပြန်မပြင်နိုင်သေးဘူးပေါ့။ အဲတံတားသာ ကောင်းခဲ့မယ်ဆိုရင် ဒီလူတွေ ဒီလိုဖြစ်ဖို့ရာ အကြောင်း မရှိဘူးပေါ့။” မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ ပေါက်မြို့ပေါ်က အလှူရှင်တွေကနေ သေဆုံး၊ ပျောက်ဆုံးသွားသူ ၁ ဦးကို ၃ သိန်းကျော်ဆီ ထောက်ပံ့ကူညီတယ်လို့ မြို့ခံတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024