လီဗာပူး၏ ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်သွားမည်ဟု မန်စီးတီးကွင်းလယ်လူ ပြော

လီဗာပူးအသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ တချိန်မှာ အဆုံးသတ်သွားလိမ့်မယ်လို့ မန်စီးတီး ကွင်းလယ်ကစားသမား ဒီဘရိုင်းက ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပြိုင်ဘက် မန်ယူအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁ နေရာကို မန်စီးတီးအသင်းထက် တမှတ်အသာနဲ့ ဦးဆောင်နေတာပါ။ လက်ရှိအချိန်မှာ လီဗာပူးအသင်းအနေနဲ့ ဦးဆောင်နေပေမယ့် စိုးရိမ်ဖို့သိပ်မလိုဘဲ မိမိတို့အနေနဲ့ နိုင်ပွဲတွေရယူပြီး ရှေ့ဆက်သွားနေမယ်ဆိုရင် လီဗာပူးအသင်းရဲ့ မျှော်လင့်ချက်တွေ အဆုံးသတ်သွားလိမ့်မယ်လို့ ဒီဘရိုင်းက ဆိုပါတယ်။ လက်ရှိအချိန်မှာ ချန်ပီယံအကြောင်းပြောဖို့ စောသေးပြီး မိမိတို့ ဘာလုပ်ရမလဲဆိုတာ သိတယ်လို့လည်း ဒီဘရိုင်းက ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းဟာ ဒူးဒဏ်ရာကြောင့် ၆ ပတ်လောက် အနားယူခဲ့ရပြီးနောက် လက်ရှိအချိန်မှာ အသင်းအတွက် ပြန်ကစားနိုင်နေပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up