ကစားသမားသစ်ဝယ်ရန် အခွင့်အရေး သိပ်မရှိဟု အာဆင်နယ်နည်းပြ ပြော

799
ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေ များနေပေမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ်ဝယ်ဖို့ အခွင့်အရေး သိပ်မရှိဘူးလို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ပြောလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ဆောက်သမ်တန်နဲ့ပွဲမှာ နောက်ခံလူ ဘယ်လာရင် ဒဏ်ရာရခဲ့သလို တခြားနောက်ခံလူတွေဖြစ်တဲ့ ကိုလာရှီနက်၊ ဟိုးလ်ဒင်း၊ မူစတာဖီ၊ ပါပါသိုပူးလော့စ်တို့ဟာလည်း ဒဏ်ရာတွေ အသီးသီး ရရှိနေကြတာပါ။
ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူဖို့ ရှာဖွေမှာဖြစ်ပေမယ့် အမှန်တကယ်ရောက်ဖို့ ခက်ခဲတဲ့ကာလ ဖြစ်တယ်လို့ အမ်မရီက ဆိုပါတယ်။
ဒါကြောင့် လူငယ်ကစားသမားတွေကို အခွင့်အရေး ပေးနေပေမယ့် အရည်အသွေးမြင့် ကစားသမားတွေ လိုအပ်နေတယ်လို့လည်း အာဆင်နယ်နည်းပြ အမ်မရီက ပြောကြားခဲ့ပါတယ်။