ဆွာရက်ဇ်နေရာ အစားထိုးရန် လူငယ်တိုက်စစ်မှူး ၇ ဦးကို ဘာစီလိုနာ စောင့်ကြည့်နေ

803
ဘာစီလိုနာအသင်းဟာ ဆွာရက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် လူငယ်တိုက်စစ်မှူး ၇ ဦးကို စောင့်ကြည့်နေပါတယ်။
ဆွာရက်ဇ်ဟာ လာမယ့်နှစ်မှာ အသက် ၃၂ နှစ်ထဲ ဝင်လာပြီ ဖြစ်တဲ့အတွက် ဘာစီလိုနာအသင်းက လူငယ်တိုက်စစ်ကစားသမားတဦး ခေါ်ယူဖို့ ပြင်ဆင်လာတာပါ။
စပိန်သတင်းစာ ဒီပို့တီဗိုရဲ့ အဆိုအရ ဘာစီလိုနာအသင်း ပစ်မှတ်ထားနေတဲ့ ကစားသမားစာရင်းမှာ လိုက်ဇစ်က တီမိုဝါနာနဲ့ ဥရုဂွေး လူငယ်တိုက်စစ်မှူး မက်ဆီဂိုမက်ဇ်၊ အေဂျက်ဇ်က ဒေါလ်ဘက်ခ်ျတို့ ပါဝင်ပါတယ်။
တခြားကစားသမားတွေကတော့ ဂျီနိုအာက ပီယာတက်ခ်၊ ဖရန့်ဖတ်က လူကာဂျိုဗစ်၊ လိုင်လီက နီကိုလက်စ်ပီပီနဲ့ အေစီမီလန်က အန်ဒရီဆေးဗားလ်တို့ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး အယ်ကာဆာကိုလည်း ဒေါ့မွန်အသင်းဆီ ရောင်းချထားတာကြောင့် ဆွာရက်ဇ်ရဲ့နောက်မှာ အရန်သင့်ကစားနိုင်မယ့် တိုက်စစ်မှူးတဦးဝယ်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။