Home
မြန်မာသတင်း
မောင်တောတွင် ၅ တန်းကျောင်းသူတဦး အသတ်ခံရ
DVB
·
December 17, 2018
ရခိုင်ပြည်နယ် မောင်တောမြို့၊ သစ်တောရွာမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က နွားကျောင်းသွားတဲ့ ၁၄ နှစ်အရွယ် ၅ တန်းကျောင်းသူတဦး ပျောက်ဆုံးသွားပြီး အသတ်ခံခဲ့ရပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အလောင်းကို သစ်တောရွာနဲ့ နှစ်မိုင်ခွဲလောက် အကွာမှာရှိတဲ့ အခေါင်းပေါက်ချောင်းအနီး ဇိမ်ပင်းချောင်းကြားမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သစ်တောကျေးရွာအုပ်ချုပ်ရေးမှူးက ဦးကျော်ကျော်က ပြောပါတယ်။ "မ​နေ့က သူမရွာကို ပြန်​မ​ရောက်​တာ ည​မိုးချုပ်​မှ ကျနော်​တို့ကို မိဘများက လာ​ရောက်​အ​ကြောင်းကြားပါတယ်​။ မိုးချုပ်​သွားပြီဆို​တော နီးစပ်​ရာ ​လောက်​ပဲ ရှာ​ဖွေမှုပြုလုပ်​နိုင်​ခဲ့ပါတယ်။ ဒီ​နေ့ ဒီဇင်​ဘာ ၁၆ ​နေ့မှာ​တော့ ​ကျေးရွာသား​တွေ လိုက်​ရှာဖို့ မနက်​ကတတည်းက ထွက်သွားကြပါတယ်​။ ည​နေ ၄ နာရီ​လောက်​မှ ကျနော့်​ကို ဖုန်းဆက်​အ​ကြောင်းကြားလာပါတယ်​ အ​လောင်း​တွေ့ပြီလို့။ အခု တရားခံ​ ဖမ်းဆီးရဖို့ သက်​ဆိုင်​ရာ လုံခြုံ​ရေးအဖွဲ့နဲ့ ပူ​ပေါင်း​ဆောင်​ရွက်​​နေပါတယ်။" အလောင်းလိုက်ရှာစဉ်မှာပါဝင်ခဲ့တဲ့ ကိုသန့်ဇင်က "ဒီက​လေးမဟာ ​တောထဲ့ကို ​ရောက်​သွား ပြီး အသက်​မ​သေဖို့အတွက်​ မနည်းရှန်းကန်​ခဲ့ရတဲ့ ပုံ​ပေါ်​ပေါက်​​နေပါတယ်​။ လက်​မှာလည်း ပြတ်​ရှဒဏ်​ရာ​တွေရှိ​နေပါတယ်​။ သက်​ဆိုင်​ရာက လာ​ရောက်​စစ်​​ဆေးပြီးမှ အလာင်းကို သယ်​ယူလာကြတာပါ” လို့ ပြောပါတယ်။ တရားခံကို အမြန်ဆုံးဖမ်းမိဖို့ ကြိုးစားနေပြီး ပြင်ဖြူစခန်းကနေ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့အမှု ဖွင့်ထားကာ ဆေးစစ်ချက်အပေါ်မူတည်ပြီး ပုဒ်မတွေ တိုးသွားမယ်လို့ ပြင်ဖြူ စခန်းတာဝန်ခံက ပြောပါတယ်။ သစ်တောရွာကျေးရွာမှာ အိမ်ခြေ ၆၀ ကျော်လောက်ရှိပြီး စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်နေတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024