ဖုန်းပိတ်ပစ်ခဲ့သည့် ဒမ်ဘီလီကို ဘာစီလိုနာက ပေါင် ၉ သောင်း ဒဏ်ရိုက်

ဘာစီလိုနာအသင်းဟာ  အသင်းကနေ ဖုန်းနဲ့ဆက်သွယ်တာကို ပိတ်ပစ်ခဲ့တဲ့ ဒမ်ဘီလီကို ပေါင် ၉ သောင်း ဒဏ်ရိုက်လိုက်ပါတယ်။ ဒမ်ဘီလီဟာ လေ့ကျင့်ကွင်းကို ၂ နာရီကြာ နောက်ကျပြီးမှ ရောက်ရှိခဲ့ပြီး အသင်းနည်းပြက ဆက်သွယ်တဲ့ဖုန်းကိုလည်း ပိတ်ထားခဲ့တယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြပါတယ်။ ပြင်သစ် လူငယ်တောင်ပံကစားသမား ဒမ်ဘီလီကို နည်းပြ ဗယ်လ်ဗာဒီက ကွင်းတွင်းအပြင် ကွင်းပြင်ပကိစ္စတွေမှာလည်း ညှိနှိုင်းဆွေးနွေးပြီး ခြေစွမ်းတိုးတက်လာစေဖို့ ဖုန်းဆက်ပြောဆိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒမ်ဘီလီအနေနဲ့ မနက်ခင်းတွေမှာ ဗွီဒီယိုဂိမ်း ကစားတာနဲ့ တီဗွီကြည့်တာကို ကြိုက်နှစ်သက်တာကြောင့် လေ့ကျင့်ချိန် နောက်ကျခဲ့တာလို့ သိရပါတယ်။ ဒမ်ဘီလီဟာ စပါးနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ လှပတဲ့ သွင်းဂိုးတဂိုး သွင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up