ကုလသဘောတူညီမှုတခု လက်မှတ်ထိုးခဲ့သည့် ဘယ်လ်ဂျီယံအစိုးရကို လူထောင်ချီ ဆန္ဒပြ

1K
ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရှင်သန်လာရေး ရည်ရွယ်တဲ့ ကုလသမဂ္ဂ သဘောတူညီချက်တခုကို ဘယ်လ်ဂျီယံအစိုးရက လက်မှတ်ထိုးလိုက်တဲ့အတွက် ဘရတ်ဆဲလ်မြို့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့က လူထောင်နဲ့ချီ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ အဲဒီသဘောတူချက်ကို ထောက်ခံတဲ့ လူအုပ်စုတစုကလည်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အဓိက ဥရောပသမဂ္ဂ အဖွဲ့အစည်းတွေ တည်ရှိနေတဲ့ မြို့တော်မှာ လက်ယာယိမ်းပါတီတွေက ဦးဆောင်စီစဉ်ခဲ့တဲ့ အကြီးစား ဆန္ဒပြမှုအတွင်း လူပေါင်း ၅၅၀၀ လောက် ချီတက်ခဲ့ကြတယ်လို့ ရဲတွေက ဆိုပါတယ်။
အတိုက်အခံ ဆိုရှယ်လစ်တွေနဲ့ အစိမ်းရောင်အဖွဲ့တို့ရဲ့ ထောက်ခံမှုတွေနဲ့အတူ ဝန်ကြီးချုပ် မစ်ရှဲလ်ဟာ ကုလသမဂ္ဂ ပဋိညာဉ်အပေါ် ဘယ်လ်ဂျီယံရဲ့ ထောက်ခံမှုကို ထိန်းသိမ်းထားနိုင်ရေးအတွက် ပါလီမန်တွင်း လူအများစုကို အခိုင်အမာ ယုံကြည်စေခဲ့ပါတယ်။
ဘယ်လ်ဂျီယံ လက်ယာယိမ်းပါတီ N-VA ရဲ့ လှုပ်ရှားမှုဟာ မေလ ဖက်ဒရယ်ရွေးကောက်ပွဲ မတိုင်မီ စည်းရုံးလှုံ့ဆော်မှုဖြစ်တယ်လို့ ဝေဖန်ရေးသမားတွေက ပြောကြားပါတယ်။