ဆော်ဒီ အမျိုးသမီး ယာဉ်မောင်း ၉ ဦး လျှပ်စစ်ပြိုင်ကားများ စမ်းသပ်မောင်းနှင်

ဓာတ်ပုံ - Guido De Bortoli/Getty Images Kaspersky Lab
1.7K
ဖော်မြူလာကားမောင်းပြိုင်ပွဲရာသီရဲ့ ပထမဆုံး လျှပ်စစ်ကားပြိုင်ပွဲအပြီး နောက်တရက်မှာ အမျိုးသမီး ကားမောင်းသမား ၉ ဦးဟာ ဆော်ဒီကားပြိုင်ပွဲ လမ်းကြောင်းပေါ်မှာ လျှပ်စစ်ပြိုင်ကားတွေကို စမ်းသပ်မောင်းနှင်ခဲ့ကြပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့က မြို့တော် ရီယက်ဒ်အနီးက အယ်လ်ဒိုင်ရီယာ လမ်းကြောင်းကို စမ်းသပ်နေကြတဲ့ အဖွဲ့ ၁၁ ဖွဲ့ကို တွေ့ရပါတယ်။
အဖွဲ့လိုက် ယာဉ်ရပ်နားရုံနဲ့ ပြိုင်ပွဲလမ်းကြောင်းပေါ်မှာ အသင်းဖော် အမျိုးသားဒရိုင်ဘာတွေနဲ့ ပုခုံးချင်းယှဉ် စမ်းသပ်မောင်းနှင်နေတဲ့ အမျိုးသမီးတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
သူတို့တွေထဲမှာ ဗြိတိန်က ဖော်မြူလာ (၃) ကားမောင်းသမား ဂျေမီ ချက်ဝစ်၊ နယ်သာလန်က ဖော်မြူလာ (၃) ပြိုင်ကားမောင်းသမား ဘိဗစ်ဆာ၊ စပိန်က အရင် လိုးတပ်စ် ဖော်မြူလာ (၁) ပြိုင်ကားမောင်းသမား ကားမန်း ဂျော်ဒါနဲ့ ဖော်မြူလာ (၂၀၀၀) နဲ့ ဖော်မြူလာ (၃) ပြိုင်ပွဲတွေမှာ ဝင်ရောက်မောင်းနှင်ခဲ့တဲ့ တေတီယာနာ ကယ်ဒါရန်တို့ ပါဝင်ခဲ့ပါတယ်။
ပြိုင်ပွဲမှာ အန်တိုနီရို ဖီးလစ် ဒါ ကိုစတကာက အနိုင်ရခဲ့ပြီး ချန်ပီယံကာကွယ်သူ ဂျင်း အဲရစ်ဗန်းက ဒုတိယ ရခဲ့ပါတယ်။