လွှတ်တော်ကို နိုင်ငံပိုင် သတင်းမီဒီယာများက တိုက်ခိုက်နေဟု စွပ်စွဲ
DVB
·
September 7, 2012
စက်တင်ဘာ ၆ ရက်နေ့ ပြည်သူ့လွှတ်တော် နောက်ဆုံးနေ့ အစည်းအဝေးပွဲမှာ နိုင်ငံပိုင် သတင်းစာတွေ၊ သတင်းမီဒီယာတွေ၊ အင်တာနက် ၀က်ဆိုဒ်တွေကနေ လွှတ်တော်ကို ပုံစံမျိုးစုံနဲ့ တိုက်ခိုက်နေကြောင်း လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။
ဒီလို ဆောင်ရွက်နေတာဟာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီနိုင်ငံသစ်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် ဆောင်ရွက်နေတယ်လို့ အမတ်တွေက ခံယူကြောင်း၊ အဲလို လုပ်နေသူတွေဟာ ပြည်သူတွေရဲ့ ဒဏ်ခတ်တာကို ခံရမယ့်အကြောင်း ပြောပါတယ်။
ဒီလိုပြောဆိုချက်ကို လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ထောက်ခံပြီး လွှတ်တော်ထဲ ပြောသမျှ သတင်းစာထဲ ထည့်ပေးဖို့ အစည်းအဝေးတက်လာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒု-၀န်ကြီးကို တိုက်တွန်းလိုက်ကြောင်း သိရပါတယ်။