အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ဗိုဗီနမ်အားကစားနည်းမှ မြန်မာ ရွှေဆုထပ်ရ

1K
အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ပွဲစဉ်တွေထဲက ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကျင်းပတဲ့ ဗိုဗီနမ်အားကစားနည်း ရင်ယန်းဓားသိုင်းပြိုင်ပွဲ အမျိုးအစားမှာ မြန်မာကစားသမား မေဟန်နီအောင်လွင်က ရွှေတံဆိပ်ဆု ထပ်မံရယူပေးခဲ့ပါတယ်။
ငွေတံဆိပ်ဆုကိုတော့ ကိုယ်ခံသိုင်းပြိုင်ပွဲ အမျိုးအစားကနေ ရာဇာထွန်းနဲ့ ချစ်နိုဒီဆောင်းတို့က ရယူပေးခဲ့ပါတယ်။
လက်ရှိ ဆုတံဆိပ်ရရှိမှုအရ ဗိုဗီနမ်အားကစားကနေ ရွှေ ၃ ဆု၊ ငွေ ၃ ဆုနဲ့ ကြေး ၂ ဆု ရယူပေးထားနိုင်ပါတယ်။
နောက်ထပ် ရွှေတံဆိပ်ဆွတ်ခူးဖို့ နီးစပ်နေတဲ့ အားကစားနည်းတွေလည်း ရှိနေပြီး မြားပစ် ကွန်ပေါင်း အမျိုးသမီး အသင်းလိုက်ကလည်း ဗိုလ်လုပွဲ တက်ရောက်သွားပြီဖြစ်သလို ဘောလုံးအားကစားနည်းကလည်း ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိထားပါတယ်။
မြန်မာတို့အတွက် အားသာတဲ့ လှေလှော်အားကစားနည်းကတော့ ဒီပြိုင်ပွဲမှာ ငွေတံဆိပ်၊ ကြေးတံဆိပ်တို့နဲ့သာ ကျေနပ်ခဲ့ရပြီး ပွဲအားလုံးပြီးဆုံးချိန်မှာတော့ ထိုင်းအသင်းက ရွှေ ၄ ဆု၊ ငွေ ၂ ဆုနဲ့ ဗိုလ်စွဲခဲ့ပါတယ်။
မြန်မာလှေလှော်အားကစားအဖွဲ့ကတော့ ရွှေတံဆိပ် ၂ ဆု၊ ငွေတံဆိပ် ၄ ဆုနဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။