အမြင့်ပေ ၁၄၀၀၀ မှ ခုန်ချပြခဲ့သည့် အသက် ၁၀၂ နှစ်အရွယ် သြစတြေးလျဘွားဘွား (ရုပ်သံ)

ကောင်းကင်ကနေ ဒိုင်ဗင်ခုန်တဲ့ အလုပ်ဟာ တကယ်ဆို တွေးကြည့်ရုံနဲ့တင် ကြောက်လန့် တုန်လှုပ်စရာပါပဲ။ ဒါပေမယ့် အသက် ၁၀၂ နှစ်အရွယ် သြစတြေးလျ အဘွားအိုတယောက်ကတော့  ကောင်းကင်ကနေ ဒိုင်ဗင်ခုန်ချပြခဲ့ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၄၀၀၀ (၄၂၆၇ မီတာ) ရှိတဲ့ လေယာဉ်ပေါ်ကနေ အသက် ၁၀၂ နှစ်အရွယ် အိုင်ရင်းအိုရှေးက ခုန်ချပြခဲ့တာပါ။ ဒါကြောင့် သြစတြေးလျဘွားဘွားဟာ ကမ္ဘာ့အသက်အကြီးဆုံး ကောင်းကင်ဒိုင်ဗင်ခုန်သူ ဖြစ်လာတယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။ အိုင်ရင်းအိုရှေးအနေနဲ့ ဒီအားထုတ်မှုကနေတဆင့် တောင်သြစတြေးလျ လှုပ်ရှားမှုဆိုင်ရာ အာရုံကြောရောဂါအသင်းအတွက် ရန်ပုံငွေနဲ့ အသိပညာ မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ သူ့သမီးတယောက်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဒီရောဂါနဲ့ ဆုံးပါးသွားခဲ့တာပါ။ အိုရှေးဟာ အသက် ၁၀၀ ပြည့်ချိန်မှာ ပထမဆုံးအကြိမ် ကောင်းကင်ဒိုင်ဗင်ခုန်ခဲ့ပြီး အလားတူရည်ရွယ်ချက်နဲ့ ၂၀၁၇ မှာ နောက်တကြိမ် ကောင်းကင်ဒိုင်ဗင်ခုန်ခဲ့တယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up