Home
မြန်မာသတင်း
ပန်းမြို့ရဲ့လမ်းမတွေပေါ်က တိုးဆိတ်လာတဲ့ ခြူသံများ
ပြည့်ဘုန်းအောင်
·
December 17, 2018
အမည်နာမမျိုးစုံနဲ့ ခေါ်တွင်သမုတ်ထားတဲ့မြို့၊ ထင်းရှူးတန်း၊ ယူကလစ်၊ ချယ်ရီစတဲ့ အပင်တွေနဲ့အတူ ရှေးခေတ်အဆောက်အအုံတွေနဲ့ တောင်ပေါ်က မေမြို့သို့မဟုတ် ပြင်ဦးလွင်၊ ပြင်ဦးလွင်လို့ဆိုလိုက်တာနဲ့ စတဲ့ ဝိသေသတွေနဲ့အတူ နောက်ထပ်ခွဲမရအောင် တွဲနေတာကတော့ ရထားလုံးတွေပါပဲ။ ပြင်ဦးလွင်နဲ့ ရထားလုံး၊ ရထားလုံးနဲ့ ပြင်ဦးလွင် ကိုလိုနီခေတ်လက်ကျန်လို့ ဆိုရမယ့် ရထားလုံးတွေဟာ ပြင်ဦးလွင်မြို့နဲ့တွဲလာခဲ့တာ နှစ်ပေါင်း ၁၃၀ ကျော်ခဲ့ပါပြီ။ သက္ကရာဇ်တွေ ကြာမြင့်လာတာနဲ့အမျှ တိုးတက်တဲ့ခေတ်ကာလမှာ တဖြည်းဖြည်းနောက်ဆုတ်လာတဲ့ အရာတွေထဲမှာ ပြင်ဦးလွင်က ရထားလုံးတွေလည်း ပါလာခဲ့ပါပြီ။ အရင်က ရထားလုံးပေါင်း အစီး ၁၅၀ ကျော် ရှိခဲ့ပေမယ့် လက်ရှိမှာတော့ အစီး ၈၀ ကျော်သာ ကျန်ရှိပါတော့တယ်။ လမ်းမထက်က မြင်းတွေရဲ့ ခွာတွေ၊ ခြူသံတွေရဲ့နေရာမှာ သုံးဘီး အင်ဂျင်သံတွေက အစားထိုးဝင်ရောက်ခဲ့တာကြောင့် အခုလိုနည်းပါးလာတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရထားလုံးတွေဟာ ခေတ်သမိုင်းရဲ့အရွေ့တခုမှာလည်း တထောင့်တနေရာကနေ ပါဝင်အားဖြည့်ခဲ့ကြဖူးပါတယ်။ လက်ရှိ အန်အယ်လ်ဒီအစိုးရ မအုပ်ချုပ်ခင် အန်အယ်လ်ဒီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြင်ဦးလွင်မြို့ရဲ့ အမှတ်သင်္ကေတ တခုဖြစ်တဲ့ ရထားလုံးတွေနဲ့ မြို့တွင်းကို လှည့်လည်မဲဆွယ်ခဲ့ကြဖူးပါတယ်။ ခုတော့ စီးနင်းသူ နည်းပါးလာတဲ့ လမ်းမတွေပေါ်မှာ တိုးဆိတ်လာတဲ့ ခြူသံတွေဟာ အပြောင်းအလဲတခု ဖြစ်ခဲ့ပါပြီ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024