Home
မြန်မာသတင်း
အာဆီယံအတွင်းရေးမှူးချုပ် မောင်တောမြောက်ပိုင်းကိုသွားရောက်
DVB
·
December 17, 2018
အာဆီယံအတွင်းရေးမှူးချုပ် လင်ဂျော့်ဟွိုင်း ဦးဆောင်တဲ့အဖွဲ့ဟာ အကြမ်းဖက်မှုတွေဖြစ်ပေါ် ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းကို ဒီကနေ့မနက်က တပ်မတော် ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားပါတယ်။ စစ်တွေလေဆိပ်ကို YangonAirway လေကြောင်းလိုင်းနဲ့ လာရောက်ပြီး မောင်တောကို စစ်ရဟတ်ယာဉ်နဲ့ ဆက်လက်ထွက် ခွာသွားတာဖြစ်ပါတယ်။ ခရီးစဉ်မှာ  အာဆီယံအတွင်းရေးမှူးချုပ်နဲ့အတူ ဒုအတွင်းရေးမှူးချုပ် ကန်းဖိုအက် အပါအ၀င် ၆ ဦး၊ လူမှုဝန်ထမ်းကယ်ရေးနှင့် ပြန်လည်နေရာချထားရေးဒုဝန်ကြီး ဦးစိုးအောင်လည်း လိုက်ပါသွားပါတယ်။ အာဆီယံအတွင်းရေးမှူးချုပ်နဲ့အဖွဲ့ဟာ မောင်တောမြို့နယ်အတွင်း နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံဖို့ပြင်ဆင်ထားတဲ့ မောင်တောလှဖိုးခေါင်ကြားစခန်းနဲ့ တောင်ပြိုလက်ဝဲစခန်းတွေ ကို သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက် နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးလုပ်ငန်းတွေမှာ ပူးပေါင်းကူညီဖို့ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024