ဗီယက်နမ် ဖိတ်ခေါ်ဖလားပြိုင်ပွဲဝင် မြန်မာယူ-၂၁ ဘောလုံးအသင်း ဗိုလ်လုပွဲတက်

ဓာတ်ပုံ - MFF
973
ဗီယက်နမ်သတင်းစာ ဖိတ်ခေါ်ဖလား ဝင်ပြိုင်နေတဲ့ မြန်မာယူ-၂၁ အသင်းနဲ့ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဝင်နေတဲ့ မြန်မာ့တက္ကသိုလ်ဘောလုံးအသင်းတို့ဟာ ဒေသတွင်း ထိပ်သီးပြိုင်ဘက်တွေကို အနိုင်ရခဲ့ပါတယ်။
ဗီယက်နမ်ဖိတ်ခေါ်ဖလား အဖွင့်ပွဲမှာ ဗီယက်နမ်ကို ၅ ဂိုး ၂ ဂိုး၊ ဒုတိယပွဲမှာ ကိုရီးယားကလပ် ဂင်မဲအက်ဖ်စီကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားတဲ့ မြန်မာယူ-၂၁ အသင်းဟာ တတိယပွဲမှာတော့ မလေးရှားကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။
ဒီပွဲအနိုင်ရလဒ်ကြောင့် ပရိသတ်တွေက ဆူဇူကီးဖလား ရှုံးကြွေးကို ဆပ်နိုင်ခဲ့ပြီဆိုပြီး လူမှုကွန်ရက်မှာ ရေးသားမှုတွေလည်း ရှိပါတယ်။
အုပ်စုပတ်လည် ယှဉ်ပြိုင်ပြီးချိန်မှာ မြန်မာယူ-၂၁ အသင်းဟာ တပွဲနိုင်၊ နှစ်ပွဲရှုံးနဲ့ မလေးရှား၊ ကိုရီယားကလပ်အသင်းတို့နဲ့ ရမှတ်တူပေမယ့် ဂိုးကွာခြားချက်အသာရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။
မြန်မာယူ-၂၁ အသင်းဟာ လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဗိုလ်လုပွဲအဖြစ် အိမ်ရှင် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။