Live
Home
မြန်မာသတင်း
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်
DVB
·
December 17, 2018
မန္တလေးတိုင်း​ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ လမ်းသွယ်​ ၃ က နေအိမ် တအိမ်မှာ ဒီမနက်​ ၃ နာရီ​ကျော်​က မီးအားမြှင့်စက်က​နေ အပူလွန်ကဲ မီးလောင်ခဲ့ပါတယ်။ ချိုချဉ်တွေ သိုလှောင်ထားတဲ့  RC လေးထပ် လူနေအဆောက်အဦကနေ မီးအားမြှင့်စက် အပူလွန်ကဲပြီး ချိုချဉ်တွေထည့်ထားတဲ့ ဂျက်ဖာ​တွေကို မီးကူးစက်လောင်ကျွမ်းပြီး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ လေးထပ်အဆောက်အဦရဲ့ အ​ပေါ်ထပ်​နဲ့​အောက်​ထပ် ​မီး​လောင်​ကျွမ်းခဲ့ရာမှာ ကျပ် ၃၅ သိန်းကျော်​ဖိုး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ မီးသတ်​ဦးစီးမှူး ဦးသန်း​ဇော်​ဦးက ​ပြောပါတယ်​။ မီးလောင်မှုနဲ့ပတ်သက်ပြီး မန်နေဂျာ ဒေါ်ကြည်လွင်ကို ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့်ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅ နဲ့  အမှုဖွင့်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024