တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကြေညာ
DVB
·
December 17, 2018
၂၀၁၈-၁၉ ပညာသင်နှစ်အတွက် လာမယ့် မတ်လ ကျင်းပမယ့် တက္ကသိုလ်ဝင် စာမေးပွဲတွေရဲ့ အချိန်စာရင်းကို ပညာရေးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန် ကြေညာပါတယ်။
တက္ကသိုလ်ဝင် စာမေးပွဲတွေကို ၂၀၁၉ မတ်လ ၆ ရက်ကနေ ၁၅ ရက်အထိ ၁၀ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။
မတ် ၆ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ မြန်မာစာ၊ မတ် ၇ ရက်မှာ အင်္ဂလိပ်စာ၊ မတ် ၈ ရက်မှာ သင်္ချာ၊ မတ် ၉ ရက်မှာ စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၀ ရက်မှာတော့ စာမေးပွဲတွေ မရှိဘဲ ခေတ္တရပ်နားထားမှာပါ။
မတ် ၁၁ ရက်နေ့မှာတော့ ဓာတုဗေဒ၊ မတ်လ ၁၂ ရက်မှာ ရူပဗေဒ၊ မတ်လ ၁၃ ရက်မှာ ဇီဝဗေဒ/ ဘောဂဗေဒ၊ မတ်လ ၁၄ ရက်မှာ ပထဝီဝင်နဲ့ မတ်လ ၁၅ နောက်ဆုံးရက်မှာတော့ သမိုင်းဘာသာရပ်ကို ဖြေဆိုကြရမှာဖြစ်ပါတယ်။