အစ္စရေးစစ်သား ၁ ဦးအား သတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံထားရသူနေအိမ်ကို ဖြိုချ

1.7K
ဒီဇင်ဘာ ၁၅ ရက်နေ့က အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အစ္စရေး စစ်သားတဦးကို သတ်ဖြတ်မှုနဲ့ စွဲချက်တင်ထားတဲ့ ပါလက်စတိုင်းတဦးရဲ့ မိသားစု နေအိမ်ကို ဖြိုချခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလက ရာမာလာမြို့ အယ်အာမာရီ ဒုက္ခသည်စခန်းကို ၀င်ရောက် စီးနင်းရာမှာ ပါလက်စတိုင်းတဦးက ခေါင်မိုးပေါ်ကနေ ပေါင် ၄၀ လေးတဲ့ ကွန်ကရစ်တုံးပစ်ချခဲ့တာကြောင့် အစ္စရေး စစ်သား သေဆုံးခဲ့တယ်လို့ အစ္စရေးတို့က ဆိုပါတယ်။
အဆိုပါ ပါလက်စတိုင်းဟာ အသက် ၃၂ နှစ်အရွယ် အစ္စလာမ် အဘူ ဟမ်မစ် ဖြစ်တယ်လို့ အစ္စရေး တို့က ပြောပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ အရုဏ်တက်ချိန်မှာတော့ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အဘူ ဟမ်မစ်ရဲ့ ၄ ထပ်နေအိမ်ကို ချိပ်ပိတ်ခဲ့ပြိး ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဖြိုချခဲ့ပါတယ်။
အဘူ ဟမ်မစ် မိသားစု နေအိမ်ကို အရင်ကလည်း ဖျက်ဆီးခဲ့ဖူးပြီး ပြန်လည် တည်ဆောက်ထားတာဖြစ်ပါတယ်။
အဘူ ဟမ်မစ်ရဲ့ အခြားသား နှစ်ဦးကိုလည်း သီးခြားတိုက်ခိုက်မှုတွေမှာ အစ္စရေး ၅ ဦးကို သတ်ဖြတ်မှုနဲ့ ထိန်းသိမ်းထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။