သူခိုးများကို တရားဝင်ဖိတ်ခေါ်လိုက်သည့် ယူကေက ဆိုင်ရှင်

ယူကေမှာရှိတဲ့ အဝတ်အထည်ဆိုင်ပိုင်ရှင်တဦးဟာ သူမဆိုင်မှာ လာရောက်ခိုးယူဖို့ သူခိုးတွေကို တရားဝင်ဖိတ်ခေါ်လိုက်တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ အမည်မဖော်လိုတဲ့ အမျိုးသမီးဆိုင်ပိုင်ရှင်တဦးက ဒီိလိုထူးထူးခြားခြား ကြေညာခဲ့တာဖြစ်ပြီး  လာခိုးနိုင်သူတွေကို တနာရီကို ပေါင် ၅၀ နှုန်းအပြင် သူတို့ခိုးလို့ရတဲ့ ပစ္စည်းတွေထဲက သုံးခုကိုလည်း လက်ဆောင်အဖြစ်ပြန်ပေးမယ်လို့ ဆိုပါတယ်။ ဒီကြေညာချက်ဟာ အနည်းငယ်တော့ ထူးဆန်းနေပေမယ့် ဒီလိုကြေညာရတာဟာ အကြောင်းရှိပါတယ်။ ဆိုင်ပိုင်ရှင်အမျိုးသမီးက သူ့ဆိုင်ရဲ့ လုံခြုံရေးကို တိုးမြှင့်ချင်လို့ ပရော်ဖက်ရှင်နယ် သူခိုးတွေကို ဒီလိုမျိုးကမ်းလှမ်းလိုက်တာဖြစ်ပြီး ခိုးယူနိုင်သူတွေအနေနဲ့ ပစ္စည်းတွေကို ဘယ်နည်းဘယ်ပုံခိုးယူလိုက်တယ်ဆိုတာကို ပြန်လည်ရှင်းလင်းတင်ပြရမှာပဲဖြစ်ပါ တယ်။ ဆိုင်ပိုင်ရှင် အမျိုးသမီးဟာ ၂၀၁၃ ခုနှစ်ကစတင် ဆိုင်ဖွင့်ခဲ့တာဖြစ်ပေမယ့် ဈေးဝယ်ရာသီရောက်တိုင်း သူခိုးတွေရဲ့ လက်ချက်ကြောင့် များစွာနစ်နာဆုံးရှုံးနေရသူ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူမက ပရော်ဖက်ရှင်နယ် သူခိုးတွေကို ဖိတ်ခေါ်လိုက်တာဖြစ်ပြီး သူခိုးတွေရဲ့ တင်ပြချက်ကို သုံးသပ်ကာ ဆိုင်အနေအထား၊ စီစီတီဗွီကင်မရာတပ်ဆင်ပုံနဲ့ ဝန်ထမ်းတွေရဲ့ တုံ့ပြန်မှုကို သုံးသပ်မှာပဲဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်အမျိုးသမီးဟာ ဒီကြေညာချက်ကို Bark.com ကနေ ကြေညာခဲ့တာဖြစ်ပြီး အဲ့ဒီကစလို့ သူမရဲ့ ဆန်းဆန်းပြားပြားစိတ်ကူးကာ ဒေသတွင်းမှာ ခေါင်းကြီးပိုင်းသတင်းတပုဒ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသမီးဟာ သူလိုအပ်နေတာ ပရော်ဖက်ရှင်နယ် သူခိုးတွေဖြစ်ပြီး ဒီအလုပ်ကို စိတ်ဝင်စားသူဟာ ရာဇဝတ်မှုမှတ်တမ်းကင်းရှင်းရမယ်လို့ သတ်မှတ်ထားတာကတော့ အနည်းငယ်ဘဝင်မကျစရာအဖြစ်ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Bark.com ဝက်ဘ်ကို ပူးတွဲတည်ထောင်သူ ကိုင်ဖယ်လာက “ကြေညာချက်က သူ့အတွက်အံ့သြစရာဖြစ်နေပေမယ့် အမျိုးသမီးအနေနဲ့ သူမလိုအပ်တဲ့ ပရော်ဖက်ရှင်နယ်တွေကို အမြန်ဆုံး ရှာတွေ့ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up