ကျနော့်အသက် ၇၀ အထိ သားကို ထောက်ပံ့ပေးနိုင်ပါ့မလား စိတ်ပူမိတယ် - အဆိုတော်အောင်ရင်
DVB
·
December 16, 2018
မူးယစ်ဆေးဝါးအမှုနဲ့ တရားရင်ဆိုင်နေရတဲ့ သရုပ်ဆောင် အဆိုတော် မိုးအောင်ရင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ထောင်ဒဏ် ၅ နှစ် ချမှတ်ပါတယ်။ ဒီနောက် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ၁၂ နှစ် ထပ်မံချမှတ်လိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ကျခံရတော့မှာလည်း ဖြစ်ပါတယ်။
အခုလို သားဖြစ်သူ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတဲ့အပေါ် ဖခင်ဖြစ်သူ အဆိုတော် အောင်ရင်က အခုလို ရင်ဖွင့်ခဲ့ပါတယ်။
“ကျနော်လည်း ဘယ်လိုပြောပြရမှန်းမသိတော့ဘူး။ သားသမီးတွေကို ကျနော်လည်း ထောက်ပံ့ပေးနိုင်လောက်အောင် ဘက်ဂရောင်းက ကျနော့်မှာမရှိဘူး။ မရှိတော့ ကျနော့်အသက် အခုပဲ ၅၅ နှစ်ပြည့်တော့မယ်၊ နောက် ၁၅ နှစ်ဆိုရင် ၇၀ ပြည့်ပြီ။ ကျနော့်သားကို ထောက်ပံ့ပေးနိုင်မလားဆိုတာ စိတ်ပူမိတယ်။”
ဒီအမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းတရားလွှတ်တော်ကိုလည်း အယူခံဝင်သွားမှာဖြစ်ပြီး အယူခံဝင်တဲ့နေရာမှာလည်း တိုင်းတရားသူကြီးတွေအနေနဲ့ ဆင်ခြင်တုံတရားနဲ့ လျော့ပေါ့စဉ်းစားပေးဖို့ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။