မြန်မာအားကစားအဖွဲ့ ရွှေ ၁၁ ခုဖြင့် စတုတ္ထနေရာတွင် ဆက်လက်ရပ်တည်

775
အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲရဲ့ ပြိုင်ပွဲအချို့ ပြီးစီးသွားတဲ့အချိန်မှာ မြန်မာအားကစားအဖွဲ့ဟာ ရွှေတံဆိပ် ၁၁ ဆုရရှိပြီး နိုင်ငံအလိုက် အဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။
ပိုက်ကျော်ခြင်းအမျိုးသား ၂ ယောက်တွဲပြိုင်ပွဲကနေ ရွှေတံဆိပ်ဆုကို နောက်ဆုံး ရရှိထားပြီးတော့ ကျန်အားကစားနည်းတွေဖြစ်တဲ့ ပီတန်း၊ ပြေးခုန်ပစ်၊ လှေလှော်တို့ကနေ ငွေတံဆိပ်နဲ့ကြေးတံဆိပ်တွေသာ ရရှိထားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက် အားထားရတဲ့ လှေလှော်အားကစားနည်းမှာလည်း အဓိကပြိုင်ဘက် ထိုင်းအသင်းကို မကျော်နိုင်တော့ဘဲ ငွေတံဆိပ်၊ ကြေးတံဆိပ်တွေနဲ့သာ ကျေနပ်နေရပါတယ်။
နိုင်ငံအလိုက် အဆင့်ရပ်တည်မှု နံပါတ် ၁ နေရာမှာတော့ ထိုင်းအသင်းက ရွှေတံဆိပ် ၄၀၊ ငွေတံဆိပ် ၃၆ ဆု၊ ကြေးတံဆိပ် ၂၇ ဆုနဲ့ ရပ်တည်နေပြီး အင်ဒိုနီးရှားက ရွှေတံဆိပ် ၃၇ ဆု၊ မလေးရှားက ရွှေတံဆိပ် ၂၂ ဆုနဲ့ အသီးသီးဦးဆောင်နေပါတယ်။
ပြိုင်ပွဲကာလ ကြာမြင့်လာတာနဲ့အမျှ မြန်မာအားကစားအဖွဲ့ဟာ ဆုတံဆိပ်ရရှိမှု ကွာဟလာသလို အဆင့် ၅ နေရာက ဗီယက်နမ်ရဲ့ ဖိအားပေးမှုကိုလည်း ခံနေရပါတယ်။