စပါးက ဘန်လေကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ စပါးအသင်းက ဘန်လေအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ စပါးအသင်းဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပေမယ့် ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ စပါးအသင်းက ဂိုးပေါက် ကန်သွင်းခွင့် ၁၅ ကြိမ်အထိ ရရှိခဲ့ပြီး ဘန်လေအသင်းက ၄ ကြိမ်သာ ရရှိခဲ့ပါတယ်။ စပါးအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန်ပြီးခါနီး မိနစ် ၉၀ မှာမှ အဲရစ်ဆန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ စပါးအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ၁၇ ပွဲကစား ရမှတ် ၃၉ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး စတုတ္ထနေရာက တပွဲလျော့ ချဲလ်ဆီးကို ၅ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဘန်လေအသင်းကတော့ ၁၇ ပွဲကစား ရမှတ် ၁၂ မှတ်နဲ့ တန်းဆင်းဇုန်အထက် အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အစောပိုင်းစဉ်မှာတော့ မန်စီးတီးအသင်းက အဲဗာတန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up