Home
မြန်မာသတင်း
တိုင်းအစိုးရက ရန်ကုန်မြို့နယ်များကို ဧရိယာခွဲခြားသတ်မှတ်
DVB
·
December 15, 2018
ရန်ကုန်မြို့ရှိ မြို့နယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့်ဧရိယာ၊ သမိုင်းဝင်အမွေ အနှစ်တွေ စုဝေးရာဧရိယာ စသဖြင့် တိုင်းအစိုးရက ခွဲခြားသတ်မှတ်လိုက်ပါတယ်။ လှော်ကား၊ ကန်တော်ကြီး၊ အင်းလျားကန် အစ ရှိတဲ့ ရေပြင်၊ စိမ်းလန်းမြေနဲ့ ပန်းခြံနေရာတွေကို ရေရှည် ထိန်းသိမ်းစောင့်ရှောက်ရမယ့် ဧရိယာ (Conservation area)၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင် စတဲ့ မြို့လယ်ခြောက်မြို့နယ်နဲ့ ဆိပ်ကမ်းမြို့နယ် ရွှေတိဂုံဘုရားပတ်ဝန်းကျင်၊ ဗဟန်း၊ ဒဂုံ၊ ကမာရွတ်မြို့နယ်တို့ကို မြို့ပြဖွံ့ဖြိုးမှု ထိန်းသိမ်းနိုင်မယ့် ဧရိယာအဖြစ် သတ်မှတ်လိုက်တာပါ။ ဒါ့အပြင် အဲ့ဒီမြို့နယ် ၁၀ ခုကို  သမိုင်းဝင်အမွေအနှစ်တွေ စုဝေးတည်ရှိရာ ဧရိယာ (Development Controlled Area) အဖြစ်လည်း သတ်မှတ်လိုက်ပါတယ်။ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် (အရှေ့)၊ ဒဂုံမြို့သစ် (တောင်)၊ ဒဂုံမြို့သစ် (မြောက်)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ရွှေပြည်သာ၊ လှိုင်သာယာ စတဲ့မြို့နယ်တွေကို လူနေသိပ်သည်းမှု မြှင့်တင်ဆောင်ရွက်သွားမယ့် ဧရိယာ (Guided Denitrification Area)။ မရမ်းကုန်း၊ အင်းစိန်နဲ့ မင်္ဂလာဒုံမြို့နယ်တို့ကို မြို့ပြဖွံ့ဖြိုးမှု တိုးမြှင့် ဆောင်ရွက်သွားမယ့် ဧရိယာအဖြစ်(Development Promotion Area) သတ်မှတ်ပါတယ်။ လှိုင်၊ ရန်ကင်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ တာမွေ၊ မင်္ဂလာ တောင်ညွန့်၊ သင်္ဃန်းကျွန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း စတဲ့ မြို့နယ်တွေကိုတော့ မြို့ပြဖွံ့ဖြိုးမှုစနစ်တကျ ပြန်လည်ဖွံ့ ဖြိုးတိုးတက်လာရေး ဧရိယာ (Redevelopment and Upgrade Area) အဖြစ် သတ်မှတ်ထားပြီး ခွဲခြားသတ်မှတ်လိုက်တဲ့ ဧရိယာတွေအလိုက် အသေးစိတ်ညွှန်ကြားချက်တွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် မြို့လယ်ခြောက်မြို့နယ်အတွင်း မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းတွေ ဆောင်ရွက်ဖို့ တင်ပြလျှောက်ထားရင် စိစစ်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းထဲ မြို့နယ် ဧရိယာခွဲခြားသတ်မှတ်တာကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024